The network connection is lost.

Banner Image

အာဆင်နယ်အတွက် ဂိုးတွေ ဆက်လက်သွင်းယူပေးရန် စိတ်အားထက်သန်နေတဲ့ ယောကရက်စ်

အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူကာ ဂိုးမိုးခေါင်နေမှု ကို ရပ်တန့်ပြီးနောက် ယောကရက်စ်က အရင်ထက်ပိုတဲ့ စိတ်အားထက်သန်မှုတစ်ခုကို ခံစားနေရပါတယ်။ ခုနစ်ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ ယောကရက်စ်က စပိန်ပြိုင်ဘက်ကို အံ့အားသင့်ဖွယ်လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ အမ်းမရိတ်စ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးတွေသွင်းယူပြီးချိန် ယောကရက်စ်က သူ့ရဲ့အောင်ပွဲခံမှုပုံစံအတိုင်း အောင်ပွဲခံခဲ့ပြီး အခုလိုစွမ်းဆောင်ရည်ပိုင်းကြောင့် သူ့ရဲ့ဂိုးဆာလောင်မှု ကို ပြန်လည်ရရှိစေကာ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်အတွက် ယုံကြည်ချက်အသစ်တွေ ရရှိလာတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ပွဲစဉ်အပြီး ယောကရက်စ်က “ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီကလပ်အသင်းအတွက် ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့အတူ ဂိုးတွေသွင်းယူနိုင်တယ်ဆိုတာ အမြဲတမ်းအံ့အားသင့်စရာကောင်းပါတယ်။

အခုတော့ ကျွန်တော့်ရဲ့ဂိုးဆာလောင်စိတ်တွေ ပိုမိုပြင်းပြလာပါပြီ။ အသင်းအတွက် ကိုယ့်ရဲ့လုပ်အားနှုန်းနဲ့အတူ ထည့်ဝင်ပေးဆပ်ချင်ပေမဲ့ ဂိုးသွင်းယူပြီးချိန်တွေမှာတော့ အနည်းငယ် ပိုထူးခြားပါတယ်။ ဒါကြောင့် ကျွန်တော်က အမြဲတမ်းဂိုးတွေသွင်းယူချင်နေတာပါ။ အသင်းဖော်တွေရဲ့ထောက်ပံ့ပေးမှုတွေကလည်း အလွန်အဓိပ္ပါယ်ရှိပါတယ်။ သူတို့တွေက အံ့အားသင့်စရာ ကောင်းပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့ အစုအဖွဲ့နဲ့ စိတ်ဓါတ်ပိုင်းက အခြားသူတွေနဲ့ကွဲပြားပြီး အရမ်းထူးခြားပါတယ်။ ခံစားချက်တွေ အရမ်းကောင်းပါတယ်။ကျွန်တော်တို့က ဒီညမှာ အလုပ်တွေ အများကြီးလုပ်ပြခဲ့ပြီး အံ့အားသင့်လောက်စရာစွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်”လို့ ပြောပါတယ်။