
အယ်အာရက်ဘီအသင်းမှာ ပြောင်းရွှေ့ကစားမယ့် ဗာရက်တီကို လွမ်းနေမယ်လို့ နှုတ်ဆက်စကားဆိုလိုက်တဲ့ ပြင်သစ်နင်ဂျာလေး အမ်ဘာပေ
ချန်ပီယံလိဂ်ဆုဖလားအတွက် ပစ်မှတ်ထားနေတဲ့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊နေမာတို့ရဲ့ ထွက်ခွာမှုအပြင် အခြားကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဗာရက်တီ၊ အမ်ဘာပေတို့ရဲ့ အနာဂတ် မရေမရာဖြစ်လာကာ ဗာရက်တီက ကာတာမြေကို ပြောင်းရွှေ့ကစားတော့မယ့် အပေါ် ကလပ်အသင်းဖော်ဖြစ် ခဲ့ကြတဲ့ အမ်ဘာပေက နှုတ်ဆက်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ နက်ဆာခီလိုင်ဖီက အဓိက တိုက်စစ်ကစားသမား အချို့ရဲ့ အနာဂတ်မရေရာမှုနဲ့ကြောင့် ဥရောပ အရည်အသွေးမြင့် ကစားသမားတွေကို ဖြည့်တည်းနိုင်ရန် လုပ်ဆောင်နေချိန်မှာ ကွင်းလယ်မှာ အားထားရတဲ့ ဗာရက်တီက ကာတာကလပ်ကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ လာလီဂါမှာ အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ရန် အားစိုက်ပြင်ဆင်နေတဲ့ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းက ဗာရက်တီကို ခေါ်ယူရန် ပြင်ဆင်ခဲ့ပေမဲ့ ပီအက်စ်ဂျီ အသင်းအနေဖြင့် ကစားသမားကို ရောင်းချခဲ့ခြင်းမရှိဘဲ ကာတာကလပ် အယ်အာရက်ဘီအသင်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကာတာမြေမှာ သွားရောက်ကစားမယ့် ဗာရက်တီနဲ့ ပတ်သက်လို့ အမ်ဘာပေက “ဗာရက်တီရေ။ မင်းက အများနဲ့မတူဘဲ တမူထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ တစ်သင်းထဲအတူတွဲကစားခွင့်ရတဲ့ နေရက်တွေ အတွက် အရမ်းပဲ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရပါတယ်။ ဒီအသင်းမှာ ကစားပေးခဲ့တဲ့အချိန်တွေက မေ့ပျောက်လွယ်မယ့် အရာတွေ မဟုတ်ပါဘူး။ ငါ့ဘဝတစ်လျှောက် မြင်ခဲ့ဖူးသမျှထဲမှာတော့ မင်းက အကောင်းဆုံး ကစားသမားတွေထဲမှ တစ်ယောက်အပါအဝင်ပါပဲ။ ကျေးဇူးပါ သူငယ်ချင်းရေ။ ငါ အရမ်းလွမ်းနေရမှာပါ”လို့ နှုတ်ဆက်စကားပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။