The network connection is lost.

Banner Image

နေမာနေရာအတွက် ထိပ်တန်းကစားသမား ၂ ဦးနဲ့အစားထိုးဖို့ ပြင်ဆင်နေတဲ့ အယ်လ်-ဟီလယ်

သတင်းတွေအရ ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းဟာ နေမာနေရာအတွက် လီဗာပူးစတား ဆာလက် ၊ ရီးရဲလ်စတား ရိုဒရီဂိုတို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဘရာဇီးသားကို ဆန်းတို့စ်အသင်းက ချိတ်ဆက်နေပြီး ကစားသမားကလည်း ဘရာဇီးမြေကိုပြန်နိုင်ချေရှိနေတဲ့အနေအထားမှာ အယ်လ်-ဟီလယ်က ထိပ်တန်းကစားသမားတွေကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

သတင်းထောက် ဂါလက်တီကတော့ ဆော်ဒီကလပ်ဟာ နေမာနေရာအတွက် ဆာလက် နဲ့ ရိုဒရီဂိုတို့ကို ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ အီဂျစ်သားကတော့ လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အသင်းမှာဆက်နေချင်နေပေမယ့် စာချုပ်သစ်မသေချာတဲ့အနေအထားမှာ အလွတ်နဲ့ထွက်ခွာဖို့ များနေပါတယ်။ ဒါ့အပြင် အယ်လ်-ဟီလယ်အသင်းဟာ ဘာပေရောက်လာမှုကြောင့် နေရာပျောက်နေတဲ့ ရိုဒရီဂိုကိုလည်း ချိတ်ဆက်နေပါတယ်။

ဘရာဇီးသားဟာ ဒီရာသီရီးရဲလ်အတွက် လာလီဂါ ၁၆ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ပထမရာသီဝက်မှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ နေမာတစ်ယောက် ဆန်းတို့စ်ပြန်နိုင်ချေများနေတာကြောင့် အယ်လ်-ဟီလယ်က ဆာလက် နဲ့ ရိုဒရီဂိုတို့ကို မြင့်မားတဲ့စာချုပ်နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ ကစားသမားတွေအနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချရဖွယ်ရှိနေပါတယ်။