ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် တိုက်စစ်မှူးခေါ်ယူမှုတန်ကြေး ပေါင် ၁၁၅ သန်း ကို ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီတဲ့ ချဲလ်ဆီး
ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုများ ပြုလုပ်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ကိုင်ဆီဒိုအတွက် သုံးစွဲခဲ့တဲ့တန်ကြေးထက်ပိုတဲ့ ပေါင် ၁၁၅ သန်းကျော်ကို ပေးချေရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်မှုကို တုန်လှုပ်သွားစေခဲ့တဲ့ ဒဏ်ရာပြဿနာများကို ကျော်လွှားနိုင်ခဲ့ပြီးနောက် အိုင်ဆက်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အတွက် အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ၂၅ ဂိုးသွင်းယူကာ ကောင်းမွန်တဲ့ရာသီကို အဆုံးသတ်ခဲ့ပြီး ဥရောပဘောလုံးလောကရဲ့ အကျော်ကြားဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေသူဖြစ်ပါတယ်။
နယူးကာဆယ်ဟာ အသင်းရဲ့အကောင်းဆုံး ကစားသမားတွေထဲတစ်ဦးကို ရောင်းချရန် တွန့်ဆုတ်နေပြီး အာဆင်နယ်နှင့် မန်စီးတီးတို့က လိုချင်နေတဲ့ ကွင်းလယ်ဗိုလ်ချုပ် ဘရူနို ဂူမာရက်စ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးစားနေပြီလည်းဖြစ်ပါတယ်။ သို့သော် နယူးကာဆယ်ဟာ ဥရောပဝင်ခွင့်နှင့် လွဲချော်ပြီးနောက် ကစားသမားကိုယ်တိုင်က အနာဂတ်နှင့် ပတ်သက်ပြီး မငြိမ်မသက်ဖြစ်နေသော်လည်း စံချိန်တင် ကမ်းလှမ်းမှုတစ်ခုကို ငြင်းဆိုရန် ခက်နေပါတယ်။
အိုင်ဆက်ဟာ စာချုပ်သစ် ချုပ်ဆိုခြင်းဖြင့် သူ့ရဲ့အနာဂတ်ကို နယူးကာဆယ်မှာဆက်ရှိဖို့ အသင့်ဖြစ်နေပြီလို့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါသတင်ဟာ အချိန်မတန်သေးဘူးလို့ MailSport က အခိုင်အမာပြောကြားခဲ့ပါတယ်။ သူ့ကို ကြီးမားတဲ့ ငွေကြေးအပြောင်းအရွှေ့နဲ့ ချိတ်ဆက်တယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်တဲ့အနေနဲ့ အိုင်ဆက်က ဆွီဒင်အခြေစိုက် Fotbollskanalen သို့ "နယူးကာဆယ်မှာ ကျွန်တော် အရမ်းပျော်နေပါတယ်"
"ကျွန်တော့် ကစားသမားဘဝရဲ့ အကောင်းဆုံး ရာသီကို ရရှိခဲ့ပါတယ်။ အဲဒါကို လျှော့တွက်လို့မရပါဘူး။ ကလပ် ပရိသတ်တွေ မြို့နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် တကယ်ချစ်ပါတယ်" လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက "တကယ်တော့ ကျွန်တော့်မှာ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိဘူး။ ကိုယ့်ကိုကိုယ် အံ့သြစရာကောင်းလောက်အောင် ပျော်ရွင်နေပြီး ဘဝအတွက် အရမ်းပျော်နေပါတယ်" လို့ ပြောပါတယ်။
နယူးကာဆယ်ရဲ့ စာရင်းရှင်းရန်နှင့် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှု စည်းမျဉ်းများကို လိုက်နာရန် အတင်းအကျပ် ခိုင်းစေခံရတယ်ဆိုတာတဲ့ ကောလာဟလတွေကို အိုင်ဆက်က ငြင်းဆိုခဲ့ပါတယ်။ "ဒါဟာ ကျွန်တော် မှန်းဆထားတဲ့ အရာမဟုတ်ပါဘူး။ အသင်းနှင့် ကလပ်အတွင်းမှာလည်း အဲ့ဒါနဲ့ပတ်သက်ပြီး ပြောဆိုတာတွေ မရှိပါဘူး" "သူတို့က ကျွန်တော့်ကို ရောင်းမယ့် ကလပ်ဆီက အချက်အလက် တစ်စုံတစ်ရာကိုလည်း ကျွန်တော် မရသေးပါဘူး"လို့ သူက ပြောပါတယ်။
ဒဏ်ရာ ရရှိနေတဲ့ အန်ကွန်ကူနှင့် ခြေစွမ်းမတည်ငြိမ်နေတဲ့ ဂျက်ဆင်တို့ရှိနေတဲ့ တိုက်စစ်အတွက် အားကောင်းအောင်လုပ်ဖို့အတွက် နည်းပြသစ် မာရက်စ်ကာအတွက် ဦးစားပေးတစ်ခုဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အက်စတွန်ဗီလာကွင်းလယ်ကစားသမား ဂျွန်ဒူရန်ကို ခေါ်ယူရန် စိတ်အားထက်သန်နေသော်လည်း ကိုလံဘီယာလက်ရွေးစင်ကို နောက်ကွယ်မှာစုံစမ်းမှုများပြုလုပ်ခဲ့ပြီးနောက် သူတို့ရဲ့ စိတ်ဝင်စားမှုက ရပ်တန့်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်ကျော်သာကျန်ရှိပြီး စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မယ့် လိုင်လီက ကနေဒါလက်ရွေးစင် ဂျိုနသန်ဒေးဗစ်ကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသေးတယ်။ ဟော့ဖန်ဟိမ်းက ဘီအာနှင့် အက်သလက်တီကိုမက်ဒရစ်က အိုမိုရိုဒီအွန်တို့ကလည်း အသင်းရဲ့ရေဒါတွင် ရှိနေကြပြီး ဆယ်ကျော်သက်ကစားသမားဖြစ်တဲ့ ဂူယီကို ခေါ်ယူရန်အတွက် ဘာစီလိုနာနှင့် ဆွေးနွေးမှုများ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။