The network connection is lost.

Banner Image

ကလော့ပ်အား နှုတ်ဆက်ရန် ရာသီကုန်တွင် ချီတက်အောင်ပွဲခံမှုပြုလုပ်ဖို့ စီစဉ်နေတဲ့ လီဗာပူး

ဂျာမန်သားဟာ အန်ဖီးလ်တွင် ၉ နှစ်ကြာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ရာသီကုန်တွင် ကလပ်မှထွက်ခွာမှာဖြစ်ကာ လေဗာကူဆင်ရဲ့ အလွန်ဆိုက သူ့နေရာကိုဆက်ခံရန် ထိပ်ဆုံးတွင်ရှိနေကြောင်း 90min က သိရှိထားပါတယ်။

လီဗာပူးဟာ ရာသီပြီးဆုံးတာနဲ့ ကလော့ပ်အား ဂုဏ်ပြုတဲ့ ချီတက်ပွဲတစ်ခုနှင့်ပတ်သက်ပြီး ကလပ်အတွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Times ရဲ့ဖော်ပြချက်အရ သိရပါတယ်။ လီဗာပူးဟာ တနင်္ဂနွေနေ့က ကာရာဘောင်ဖလားကို ရရှိခဲ့ပြီး ယခုရာသီတွင် နောက်ထပ် ဆုဖလားများ ထိပ်မံရရှိနိုင်ဖွယ်မရှိခဲ့ရင်လည်း တစ်လုံးတည်းသော ဆုဖလားကို ရရှိခြင်းဟာ ချီတက်ပွဲအတွက် အကြောင်းရင်းဖြစ်မည်မဟုတ်ပေ။

သို့သော်လည်း ကလော့ပ်ရဲ့ ထွက်ခွာမှုကို ပြန်စဉ်းစားပေးဖို့ ကလပ်ရဲ့အကြီးအကဲပိုင်းက တောင်းဆိုထားပြီး နောက်ထပ်ထွက်ခွာမှုများ မပြလုပ်မီ အကြံပေးမှုများရရှိနေမှာဖြစ်ပါတယ်။ လီဗာပူးဟာ နောက်ထပ် ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်တွင်ရှိနေပြီး ကလော့ပ်ရဲ့အသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာရှိနေသလို ယူရိုပါလိဂ် ၁၆ သင်းအဆင့်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်များအတွက် လီဗာပူးမြို့တော်ကောင်စီသည် လမ်းများတစ်လျှောက် ချီတက်ပွဲကျင်းပရန် ကလပ်ကို ဖိတ်ကြားရမှာဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် ပါရီတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် တစ်ရက်တွင် လီဗာပူးရဲ့ နောက်ဆုံး ချီတက်ပွဲကိုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက သူတို့ဟာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား ဆုဖလားနှစ်ခုကို ရရှိခဲ့ပြီး ဥရောပဖလားနဲ့ ပရီးမီးယားလိဂ်ကို ပွတ်ကာသီကာ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ တော့တင်ဟမ်ကို အနိုင်ယူပြီးနောက် ချီတက်ပွဲကို လူပေါင်း ၇၅၀၀၀၀ ခန့်က လီဗာပူးမြို့တော်ရဲ့လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။ ဆယ်စုနှစ်သုံးစုအတွင်း ၂၀၂၀ ခုနှစ်တွင် ပထမဆုံး ရရှိခဲ့တဲ့ အင်္ဂလိပ်လိဂ်ချန်ပီယံဆုဖလား အောင်ပွဲကိုတော့ ကိုရိုနာဗိုင်းရပ်ကြောင့် လီဗာပူးဟာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။