The network connection is lost.

Banner Image

ယူနိုက်တက်မှာနည်းပြလုပ်ဖို့ စိတ်မဝင်စားတဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်း

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဇီဒန်းတစ်ယောက် ၂၀၂၁ ရီးရဲလ်ကနေ ထွက်ခွာပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

ပြင်သစ်သားကို အသင်းတော်တော်များများက ချိတ်ဆက်နေပေမယ့် မှန်ကန်တဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

 

ရီးရဲလ်အသင်းဖော်ဟောင်း ဂရာဗီဆန်ကတော့ ဇီဒန်းနည်းပြချင်တဲ့အသင်းက အနည်းငယ်သာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆာဂျင်မီရက်ဒ်ကလစ်ဖ်ကတော့ တန်ဟက်နေရာအတွက် ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးချင်နေပါတယ်။ 

ဂရာဗီဆန်ကတော့ “ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဇီဒန်းနဲ့စကားပြောဖြစ်ပါတယ်။ သူက သူနည်းပြလုပ်ချင်တဲ့အသင်း ၃ သင်းအကြောင်းပြောခဲ့ပါတယ်။ အဲ့တာက မာဆေးလ် ၊ ရီးရဲလ် နဲ့ ပြင်သစ်အသင်းတွေပါ။

မက်ဒရစ်မှာရှိခဲ့တဲ့ ၂ နှစ်အတွင်း သူက အဲ့လိုမျိုးအတိအကျပြောခဲ့တာပါ။ ကျွန်တော်နောက်တစ်ကြိမ်ထပ်မေးတော့လည်း သူက အဲ့ ၃ သင်းပဲနည်းပြချင်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

 

မက်ဒရစ်နဲ့အတူ သူစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ သူအစပိုင်းအတွက် ပြင်ဆင်ခဲ့ပါတယ်။ ယူနိုက်တက်အခြေအနေက ကွဲပြားခြားနားပါတယ်။ တန်ဟက်တောင်ရုန်းကန်နေရတဲ့အသင်းမှာ တစ်ခုခုလုပ်ပြနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက်ဟာ ယူနိုက်တက်အသင်းရဲ့ဖလားလက်မဲ့ဖြစ်မှုကို ပြီးခဲ့တဲ့ရာသီတုန်းက ကာရာဘောင်ဖလားရယူပေးပြီး အဆုံးသတ်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဒါပေမယ့် ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရပြီး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာရဖို့ အခြေအနေများနေပါတယ်။