The network connection is lost.

Banner Image

ဇန်နဝါရီမှာ ဘရာဇီးသားကိုအငှားနဲ့စေလွှတ်ဖွယ်ရှိနေတဲ့ ရီးရဲလ်

နည်းပြသစ် အလွန်ဆိုလက်အောက်မှာကစားခွင့်ပျောက်ဆုံးနေတဲ့အနေအထားကြောင့် ရီးရဲလ်အသင်းဟာ လာမယ့်ဆောင်းဈေးကွက်မှာ လူငယ်စတား အန်းဒရစ်ခ်ကို အငှားနဲ့လက်လွှတ်ဖွယ်ရှိနေပါတယ်။ ဒဏ်ရာကြောင့် လအနည်းငယ်လောက်အနားယူရပေမယ့် ဘရာဇီးသားဟာ ရီးရဲလ်လူစာရင်းမှာပါဝင်ခဲ့ပေမယ့် ဒီရာသီ ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ အန်းဒရစ်ခ်ဟာ လာမယ့်ဆောင်းဈေးကွက်မှာ ပုံမှန်ကစားခွင့်ရဖို့ အငှားထွက်နိုင်ချေရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားမှာပါဝင်နိုင်ဖို့ အန်းဒရစ်ခ်တစ်ယောက်ပါဝင်ချင်နေပြီး ရီးရဲလ်အသင်းဘက်ကလည်း ဆောင်းဈေးကွက်မှာ လက်လွှတ်ဖွယ်ရှိနေပါတယ်။

အခုရာသီမှာ ရီးရဲလ်အသင်းဟာ အလွန်ဆိုလက်အောက်မှာ လူအင်အားများပြားနေတာကြောင့် အလှည့်ကျအသုံးပြုနေရတာဖြစ်ပါတယ်။ အဲ့ထဲမှာ ဘာပေလိုကစားသမားမျိုးလည်းပါဝင်နေတာဖြစ်ပြီး အလှည့်ကျအသုံးပြုနေရတာဖြစ်ပါတယ်။ ဘာပေဟာ ရီးရဲလ်အသင်းအတွက် ဒီရာသီ ၁၁ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူထားနိုင်တဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဘာပေရဲ့နောက်မှာ လူငယ်တိုက်စစ်မှူး ဂါစီယာရှိနေပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆိုပါစတားလေးဟာ ၆ ပွဲမှာ ၄ ဂိုးသွင်းယူကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်သားဟာ စွမ်းဆောင်ရည်ကောင်းတွေကြောင့် စာချုပ်သက်တမ်းတိုးထားနိုင်ခဲ့သလို လက်ရှိအလွန်ဆိုလက်အောက်မှာလည်း အရေးပါတဲ့သူဖြစ်နေပါတယ်။

ဂါစီယာရှိနေတာက ဘာပေကိုအနားရစေပြီး ပရိသတ်တွေကတော့ ဆယ်ကျော်သက်စတားလေးကို ပွဲကစားချိန်ပိုပေးစေချင်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက ဂါစီယာကို ကမ်းလှမ်းမှုအများအပြားလက်ခံရရှိထားခဲ့ကာ အလွန်ဆိုကတော့ အသင်းမှာသာ ဆက်ထိန်းထားချင်နေပါတယ်။ အန်းဒရစ်ခ်ကတော့ ကံမကောင်းသေးပဲ ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ ပွဲဦးထွက်ရာသီတုန်းကတော့ ၈၄၇ မိနစ်မှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းလူတစ်ဦးရဲ့အဆိုအရ အန်းဒရစ်ခ်ဟာ အသင်းမှာဆက်နေပြီး တိုက်ပွဲဝင်ချင်ပေမယ့် ဇန်နဝါရီမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မာဆေးလ်အသင်းက အန်းဒရစ်ခ်ကို အငှားနဲ့ခေါ်ယူချင်နေပြီး ဒီဇာဘီက တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းက ဘရာဇီးသားကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။