The network connection is lost.

Banner Image

ဂွန်ဇာလိုဂါစီယာနဲ့ ပလာစီယို့စ်တို့ကို အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂွန်ဇာလိုဂါစီယာနဲ့ ဆီဇာပလာစီယို့စ်တို့ကို အပြီးသတ်ခေါ်ယူဖို့ အတော်လေးနီးစပ်နေပါတယ်။

Sky သတင်းဌာနရဲ့ဖော်ပြချက်အရ ကစားသမားနှစ်ဦးလုံး အပြောင်းအရွှေ့အတွက် ဆေးစစ်မှု ခံယူနေပြီး သူတို့နှစ်ဦးအတွက် စုစုပေါင်းပြောင်းရွှေ့ကြေးစရိတ် ပေါင် ၄၂ ဒဿမ ၃ သန်းဝန်းကျင် ရှိနိုင်တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဂါစီယာက ပြီးခဲ့တဲ့နွေရာသီ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၄ သန်း၀န်းကျင် ရှိနိုင်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကွင်းလယ်ကစားသမားပါလက်စီယို့စ်ကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရီးရဲလ်မက်ဒရစ်စီနီယာအသင်းကြီးအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈ ဒဿမ ၅ သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။

ဖူလ်ဟမ်နည်းပြသစ်အာဘီလိုအာက ရီးရဲလ်မက်ဒရစ်စီနီယာအသင်းကြီးနဲ့ အကယ်ဒမီအဆင့်မှာ တာဝန်ယူချိန်ကတည်းက ဂါစီယာနဲ့ ပလာစီယို့စ်တို့ရဲ့စွမ်းဆောင်ရည်ကို ကောင်းကောင်းသိရှိထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်ကစားသမားနှစ်ဦးကို ကရာဗန်ကော့တေ့ချ်ကွင်းမှာ ကစားသမားဘ၀ရှေ့ဆက်ဖို့ စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။