The network connection is lost.

Banner Image

ပေါ်တိုအားအနိုင်ရပြီးနောက် အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဘယ်လောက်အထိရောက်နိုင်မလဲဆိုတာ ပြောကြားလိုက်တဲ့ ဖာဒီနန်

ပေါ်တူဂီမြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့ရဲ့ ပထမပိုင်းမှာ ထရိုဆက်က အာဆင်နယ်အတွက် ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်ဟာ ပေါ်တိုဘက်သို့ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီကန်ခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်အသင်းအတွက်တော့ ဂိုးသမား ရာယာကပေါ်တိုအားအနိုင်ရပြီးနောက်  အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဘယ်လောက်အထိရောက်နိုင်မလဲဆိုတာ ပြောကြားလိုက်တဲ့ ဖာဒီနန် သူရဲကောင်းဖြစ်ခဲ့ပြီး ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့ကာ အိုဒီဂတ်၊ ဟားဗက်ဇ်၊ ဆာကာနှင့် ရိုက်စ်တို့ရဲ့ သွင်းဂိုးအားလုံးဝင်ခဲ့တာကြောင့် အာဆင်နယ်ဟာ ၁၄နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နှင့်အတူ ကွာတားဖိုင်နယ်သို့ရောက်ရှိသွားပြီး လာမယ့်ဗုဒ္ဓဟူးနေ့ရဲ့ ၁၆ သင်းအဆင့် ပွဲတွေကနေ နောက်ထပ် ၂ သင်း ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ထိပ်ပိုင်းမှာရှိနေခြင်းနှင့်အတူ အင်္ဂါနေ့ညက ဥရောပပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်နှင့် အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ်ဟာ လက်ရှိရာသီရဲ့ ဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖာဒီနန်က "ပြိုင်ပွဲမှာကျန်ခဲ့တဲ့သူတိုင်းအတွက် ခက်ခဲကြမ်းတမ်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေက ဘယ်သူလဲဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး" "မန်စီးတီးနှင့် နှစ်ကျော့ကစားရမယ့်ဆိုရင် သူတို့အတွက်ခက်ခဲမှာပါ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ ဒီပြိုင်ပွဲမှာ ကျန်အသင်းအများစုကို ယှဉ်နိုင်တဲ့ အသင်းဖြစ်တာကြောင့်ပါ" "မန်စီးတီးကိုသာ အနိုင်ရရှိမယ်ဆိုရင် လက်ရှိအချိန် ကျန်အသင်းအားလုံးထက် အာဆင်နယ်က အနီးစပ်ဆုံးဖြစ်မှာပါ" လို့ ဖာဒီနန်က TNT Sport သို့ ပြောကြားခဲ့ပါတယ်။

ပင်နယ်တီတွင် လက်စွမ်းပြကာကွယ်ခဲ့တဲ့  ရာယာကလည်း ချီးကျူးခြင်းခံထားရပါတယ်။ "ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အတွက်ရော အားလုံးအတွက်ပါ အရမ်းကောင်းတဲ့ အခိုက်အတန့်ပါပဲ" "ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့အတွက် ပင်နယ်တီ ၂ ကြိမ်ကို ကာကွယ်နိုင်တဲ့အတွက် အရမ်းပျော်မိပါတယ်" "ပြိုင်ဘက်က ကျွန်တော်တို့ကို ခက်ခဲအောင်လုပ်ဆောင်ထားသော်လည်း လိုအပ်နေတဲ့ဂိုးကို သွင်ယူနိုင်ခဲ့ပါတယ်။ ပင်နယ်တီရောက်သွားတဲ့ အခိုက်အတန့်က တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ" "ကစားသမားတွေ အတွက် စိတ်ပိုင်းဆိုင်ရာက ခက်ခဲပါတယ်။ ဒါပေမယ့် အထူးသဖြင့် စက္ကန့်တိုင်း အာရုံစိုက်ဖို့က ကျွန်တော့်အတွက် ပိတ်ထားလို့မရဘူး" "ဒါက အရာအားလုံးကို ဆိုလိုတာပါ။ ဒီလိုမျိုးအရာတွေအတွက် ဘောလုံးကစားပြီး အာဆင်နယ်အတွက် ကစားရတာ၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကွာတားဖိုင်နယ်သို့ တက်လှမ်းခွင့်ရတာ ကျွန်တော် အရမ်းကံကောင်းပါတယ်" လို့ ရာယာက ပြောပါတယ်။