The network connection is lost.

Banner Image

ချဲလ်ဆီးစတား ပယ်လ်မာရဲ့ခြေစွမ်းကို သဘောကျနေတဲ့ ပိုစတီကိုဂလူ

ဆလိုဗေးနီးယားအသင်းကို ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်စတား ပယ်လ်မာရဲ့ခြေစွမ်းကို တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ချီးကျူးပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာ ဆလိုဗေးနီးယားနဲ့ပွဲမှာ နောက်ထပ်စွမ်းဆောင်ရည်မကောင်းတဲ့ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပေမယ့် အုပ်စုပထမနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် အင်္ဂလန်ဟာ နယ်သာလန် ၊ ရိုမေးနီးယား ၊ ဆလိုဗက်ကီးယား ၊ ယူကိရိန်း ဒါမှမဟုတ် ဘယ်လ်ဂျီယံနဲ့ တွေ့ဆုံနိုင်ချေရှိနေပါတယ်။

ပယ်လ်မာကတော့ ပြိုင်ပွဲတစ်လျှောက်အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ဆလိုဗေးနီးယားနဲ့ပွဲမှာ ဆာကာနေရာမှာ အစားဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးစတားဟာ လူစားဝင်လာပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပိုစတီကိုဂလူက ပယ်လ်မာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားခဲ့ပါတယ်။

“သူ့ခြေထောက်ထဲဘောလုံးရောက်ချိန်ဆိုရင် ပြိုင်ဘက်တွေအတွက် ဒုက္ခဖြစ်လာစေမှာ သေချာပါတယ်။ တစ်ဦးချင်းအရ တော်တော်လေးကို ဒုက္ခပေးနိုင်ပါတယ်။ တစ်ယောက်ချင်းစီတိုင်းကို မွှေနှောက်နိုင်ပါတယ်။ ဒီလိုကစားသမားမျိုးရှိနေတာက ပြိုင်ဘက်အသင်းတွေအတွက် အိပ်မက်ဆိုးပါပဲ။ သူက အမြဲတမ်း နေရာလွတ်ရှာဖွေပေးနိုင်သလို ပြိုင်ဘက်ကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ အရင်စတွေးပါတယ်။ ဒီလိုကစားသမားမျိုးတွေက အဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော်ပွဲမတိုင်ခင်ပြောခဲ့သလို လူငယ်တွေကို ကာကွယ်ပေးဖို့ပြောနေတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကတော့ သူတို့အကာအကွယ်မလိုဘူးလို့ ထင်ပါတယ်။ သူတို့ကို လွတ်လွတ်လပ်လပ်ကစားခွင့်ပေးဖို့ပဲ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ တော့တင်ဟမ်နည်းပြက ပြောကြားခဲ့ပါတယ်။

ပိုစတီကိုဂလူက ဆောက်ဂိတ်အနေနဲ့ မီနူးနဲ့ ပဲလေ့စ်စတား အဒမ်တို့ကို အသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ဆလိုဗေးနီးယားနဲ့ပွဲမှာ မီနူးအစား ဂယ်လာဟာကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ပါတယ်။

အဆိုပါအနေအထားနဲ့ပတ်သက်ပြီး ပိုစတီက “ကျွန်တော် သူဘာကြောင့်လုပ်လဲမသိပါဘူး။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ အလုပ်မဖြစ်ဘူးလို့ ခံစားရတာကြောင့်နေပါလိမ့်မယ်။ သူက ပြင်းပြင်းထန်ထန်ဖိအားပေးချင်တာနေမှာပါ။ ကော်နာကိုထည့်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် သူက ဘောလုံးပိုလိုချင်တယ်ဆိုရင် ကိုဘီက ပိုအသုံးဝင်နိုင်ပါတယ်။ အဲ့အကြောင်း ကျွန်တော်မတွေးပါဘူး။ ခင်ဗျားတည်ဆောက်နေတဲ့အရာအတွက် ခင်ဗျားမှာရှင်းလင်းတဲ့အတွေးရှိဖို့ လိုအပ်ပါတယ်။ ဆောက်ဂိတ်ပြောတာတွေက စိတ်ဝင်စားစရာပါ။ ဘာလို့လဲဆိုတော့ နည်းပြတစ်ဦးအနေနဲ့ သူတို့ကိုထိန်းကျောင်းရမှာဖြစ်တာကြောင့်ပါ။ ဒါပေမယ့် အခုဆိုလူငယ်ကစားသမားတွေက တော်တော်လေးတိုးတက်လာနေပါတယ်။ သူတို့ကို ရဲရဲတင်းတင်းအသုံးပြုရမှာပါ။ လူငယ်ကစားသမားအားလုံးကို မဆိုလိုပေမယ့် သူတို့က ဒီအဆင့်ကိုတက်ရောက်ချင်နေကြပါပြီ။ လွန်ခဲ့တဲ့ ၁၂ လတုန်းက မီနူ ၊ ပယ်လ်မာနဲ့ အဒမ်တို့က ဆောက်ဂိတ်ရဲ့စာရင်းထဲမှာ မပါဝင်တဲ့သူတွေပါ။ အခုဆို သူတို့အင်္ဂလန်ရဲ့စီနီယာကစားသမားအချို့ကိုတောင် ကျော်ဖြတ်နိုင်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။