The network connection is lost.

Banner Image

ကာတာကလပ် အယ်လ်ဆက်အသင်းထံပြောင်းရွှေ့တော့မယ့် လီဗာပူးစတားဟောင်း

အယ်လ်-အက်လီတိုက်စစ်မှူးဟောင်း ဖာမီနိုတစ်ယောက် ကာတာကလပ် အယ်လ်ဆက်အသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမရရှိထားတယ်လို့ သိရပါတယ်။ ၂၀၂၃ တုန်းက အယ်လ်-အက်လီအသင်းထံပြောင်းရွှေ့လာခဲ့တဲ့ လီဗာပူးစတားဟောင်းဟာ ၂ ရာသီအပြီးမှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ အခုနှစ်မှာ အယ်လ်-အက်လီအသင်းနဲ့အတူ အေအက်ဖ်စီချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ရာမှာ ဖာမီနိုတစ်ယောက် အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

ရိုမာနိုရဲ့အဆိုအရ ဖာမီနိုဟာ ကာတာကလပ် အယ်လ်ဆက်အသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီလို့ ဆိုပါတယ်။ ဘရာဇီးသား နဲ့ အယ်လ်-အက်လီတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်ကျန်နေသေးပေမယ့် စိန်ခေါ်မှုအသစ်တွေအတွက် ကာတာမြေကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းကတည်းက ဖာမီနိုအနာဂတ်က မသေချာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ဖိုင်နယ်မှာ ၂ ဂိုးဖန်တီးနိုင်မှုအပါအဝင် ၆ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖာမီနိုတစ်ယောက် အခုနွေရာသီမှာ မိခင်မြေထံပြန်ဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး ဖလာမင်ဂိုအသင်းက စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ကစားသမားကိုယ်တိုင်က အရှေ့အလယ်ပိုင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အယ်လ်-အက်လီအသင်းကတော့ သူ့နေရာအတွက် တိုက်စစ်မှူးသစ်ရှာဖွေနေပြီး မက်ဆီ နဲ့ မေဆင်တို့ကို ချိတ်ဆက်နေကာ အခုချိန်အထိတော့ ဘာကမ်းလှမ်းမှုမှမလုပ်ရသေးတာဖြစ်ပါတယ်။