
The network connection is lost.

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ အာဆင်နယ်ဟာ ၂-၂ နဲ့ သရေ ရလဒ်သာ ရယူနိုင်ခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အပြီးမှာ ဒီကလန်ရိုက်စ်က ဒဏ်ရာပြဿနာကြောင့် လူစားလဲပေးရန်တောင်းဆိုခဲ့တယ်လို့ အသင်းနည်းပြအာတီတာက ရှင်းပြလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဝက်စ်ဟမ်းမှ အာဆင်နယ်သို့ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ ၎င်းရဲ့ပထမဆုံးရာသီမှာပဲ အသင်းရဲ့ အဓိက ကစားသမားအဖြစ် နေရာယူနိုင်နေပြီဖြစ်သော်လည်း ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်ကိုတော့ ဒဏ်ရာပြဿနာကြောင့် ပွဲချိန်ပြည့်ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ရိုက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းအပြီးမှာပဲ ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေက ကစားသမားရဲ့ ဒဏ်ရာအခြေအနေ ဆိုးရွားနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားသာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပါက ဒဏ်ရာရကစားသမားတွေပြည့်နှက်နေတဲ့ အာဆင်နယ်အတွက် နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။
သို့သော် ယခုအခါမှာတော့ အာတီတာက ကွင်းလယ်လူဟာ သက်တောင့်သက်သာ မဖြစ်လို့ လူစားလဲဖို့တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ စပိန်သားက "သူက နောက်ကျောမှာ နည်းနည်းပြဿနာရှိနေပြီး သက်တောင့်သက်သာမခံစားရဘူးလို့ ပထမပိုင်းအပြီးမှာ ပြောပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ဆက်ကစားဖို့အဆင်မပြေဘူးလို့ ယူဆနေတာကြောင့် ကျွန်တော်တို့ လူစားလဲခဲ့ရတာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရိုက်စ်ဟာ အချိန်ဘယ်လောက်ထိအနားရယူဖို့ရှိလဲလို့ မေးမြန်းတဲ့အခါ အာတီတာက "အနားမယူရဖို့တော့ မျှော်လင့်ပါတယ်။ သူ့ကိုသေချာအကဲဖြတ်ရပါဦးမယ်။ သူ့လိုကစားသမားမျိုးက ဆက်ကစားဖို့ အဆင်မပြေလို့ လူစားလဲဖို့တောင်းဆိုတယ်ဆိုတာ ထူးဆန်းပါတယ်။ ဘာမှမဖြစ်ဖို့တော့ မျှော်လင့်ပေမယ့် စောင့်ကြည့်ရဦးမှာပါ"လို့ ဖြေကြားခဲ့ပါတယ်။
ယူရိုပါကွန်းဖရန့်လိဂ် ချန်ပီယံရဲ့နေရာမှာ အစားဝင်လာခဲ့တဲ့ ဂျော်ဂျင်ဟိုကတော့ မတော်တဆ အမှားကျူးလွန်မိခဲ့တာကြောင့် အာဆင်နယ်တို့ဟာ ဆွန်ဟောင်မင်ရဲ့ ဒုတိယချေပဂိုးကို ထပ်မံခွင့်ပြုခဲ့ရပါတယ်။ အီတလီသားက ဘောလုံးကို ရှေ့သို့ပေးပို့ဖို့ကြိုးစားရာမှာ တုံ့ဆိုင်းနေခဲ့တာကြောင့် တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်က အလျင်အမြန်ဖျက်လုပြီး ၂-၂ ဖြစ်စေမယ့် ဂိုးကို အသင်းဖော်ဆွန်ဟောင်မင်ထံ ဖန်တီးပေးပို့ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အာတီတာက နောက်ထပ်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဖေဘီယို ဗီအဲရာကိုလည်း အသင်းရဲ့နည်းဗျူဟာအရ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။