The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ချန်ပီယံဆုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဗီအဲရာ

နွေရာသီမှာ အားကောင်းမောင်းသန်ထုတ်ပြန်ချက်ပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး အာဆင်နယ်ဟာ အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ စတားဟောင်း ဗီအဲရာပြောကြားလိုက်ပါတယ်။အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက အာတီတာလက်အောက်မှာ ၃ ရာသီဆက် အဆင့် ၂ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခုလနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် အာဆင်နယ်ဟာ လီဗာပူးကိုကျော်ဖြတ်ပြီး အဆင့် ၁ နေရာမှာ ၁ မှတ်အသာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုအပတ်မှာ အာဆင်နယ်ဟာ ဖူလ်ဟမ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲဆင်နွှဲရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ဝက်စ်ဟမ်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဇူဘီမန်ဒီ ၊ ဗစ်တာယိုကရက်စ် ၊ မာဒူကီ ၊ မော့ကွယ်ရာ ၊ အီဇီးတို့ရောက်လာမှုနဲ့အတူ အာဆင်နယ်လူအင်အားက တောင့်တင်းလာခဲ့ပါတယ်။

“နှစ်ကောင်းတစ်နှစ်ဖြစ်မလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အာတီတာက နွေရာသီမှာ အကောင်းဆုံးကစားသမားတွေကိုခေါ်ယူထားခဲ့ပါတယ်။ ကွင်းထဲမှာလည်း သူတို့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေထဲက တစ်သင်းပါ။ ခင်ဗျားအနေနဲ့ ရာသီမကုန်ခင်အထိ အာဆင်နယ်ကို ချန်ပီယံလောင်းစာရင်းထဲ ထည့်ရပါမယ်။ဘာလို့လဲဆိုတော့ ကစားသမားတွေဆီကနေ သူမတူညီတဲ့အရည်အချင်းတွေယူဆောင်နိုင်ပါတယ်”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။

ဗီအဲရာရဲ့အသင်းဖော်ဟောင်း အွန်နရီကလည်း အာဆင်နယ်ဟာ ဒီရာသီမှာ ဆုဖလားအောင်မြင်နိုင်တယ်လို့ အကောင်းမြင်နေပါတယ်။ “ရာသီတစ်လျှောက်လုံး သူတို့လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ခင်ဗျားအနေနဲ့ အရန်ခုံမှာလည်း လူအင်အားတောင့်တင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ဒီနှစ်မှာကြီးမားတဲ့အခွင့်အရေးရှိနေတာပါ။ ဘာလို့လဲဆိုတော့ အရန်ခုံက ပွဲအဖြေကိုပြောင်းလဲနိုင်ပါတယ်။ အခိုက်အတန့်တိုင်းမှာ အရန်ခုံကနေ တစ်ယောက်ယောက်က လူစားဝင်လာပြီး ဂိုးသွင်းနေပါတယ်။ ခင်ဗျားအနိုင်ရချင်တယ် ၊ ပိုဝေးဝေးသွားချင်တယ်ဆိုရင် တောင့်တင်းတဲ့လူစာရင်းရှိဖို့ လိုအပ်ပါတယ်။ ဒီအစုအဖွဲ့မှာ နိုင်လိုစိတ်ရှိနေပါတယ်။ အဲ့တာက အရေးအကြီးဆုံးအရာပါ”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။