မိုဆာလက်ဆီ သတင်းစကားပေးပို့ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်
လီဗာပူးတိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က မိုဆာလက်ကို တိုက်ရိုက်ဝေဖန်ပြောဆိုခဲ့ပါတယ်။ မိုဆာလက်က အခုဘောလုံးရာသီ၊ သူ့အပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ နည်းပြအန်းစလော့အပါအဝင် ကလပ်အသင်းထိပ်ပိုင်းအကြီးအကဲတွေကို ဝေဖန်ပြောဆိုခဲ့ရာ လီဗာပူးအသိုင်းအဝိုင်းတစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားခဲ့ပါတယ်။
လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျတဲ့ စနေနေ့ပွဲစဉ်တလျှောက်လုံး အရန်ခုံထိုင်ခဲ့ရပြီးနောက် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မိုဆာလက်က ကလပ်အသင်းအတွက် နောက်ဆုံးပွဲစဉ်ဖြစ်လာခဲ့ပြီလားဆိုတဲ့ မေးခွန်းကို ငြင်းဆန်ပယ်ချဖို့ ပျက်ကွက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ လူမှုကွန်ရက်မှတဆင့် မိုက်ကယ်အိုဝင်က “ အိုး…မိုဆာလက်ရေ၊ မင်း ဘယ်လိုခံစားနေရသလဲဆိုတာကို ငါ ကိုယ်ချင်းစာကြည့်ပေးနိုင်ပါတယ်။ မင်းက ဒီအသင်းကို အချိန်ကာလကြာမြင့်စွာ ထမ်းပိုးပေးထားခဲ့ပြီး အနိုင်ရရှိဖို့လိုအပ်တဲ့အရာအားလုံးကို အနိုင်ယူခဲ့ပါတယ်။
ဒါပေမဲ့ အခုက အသင်းလိုက်ကစားတဲ့ပွဲစဉ်တစ်ခု ဖြစ်ပြီး မင်းပြောခဲ့တဲ့အရာတွေဆိုတာ လူသိရှင်ကြားထုတ်ဖော်လိုက်လို့မရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ မင်းဆိုရင်လည်း အခုသီတင်းပတ်အတွင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ သွားရောက်ရတော့မယ်။ မင်းကိုယ်တိုင် ပါးစပ်ပိတ်ထားပြီး နိုင်ငံ့ကိုယ်စားပြုအဖြစ် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ မင်းပြန်ရောက်လာချိန် ဒီနေရာမှာ ဘာတွေဖြစ်နေမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့” လို့ တုံ့ပြန်မှတ်ချက်ပေးရေးသားခဲ့ပါတယ်။