The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာရဲ့နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောပြသွားတဲ့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ

ဒီနေ့မနက်ပိုင်း၊ ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှ ကိုးလ်ပယ်လ်မာ နုတ်ထွက်သွားပြီးနောက် အန်ဇိုမာရက်စ်ကာက တိုက်စစ်မှူးနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရှင်းပြသွားပါတယ်။ London Stadium ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွက် ကိုးလ်ပယ်လ်မာကို ချဲလ်ဆီးအသင်းပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့် သွေးပူလေ့ကျင့်ခန်းပြုလုပ်မှုအပြီး အင်္ဂလန်ကြယ်ပွင့်နေရာမှာ အက်စ်တီဗာအိုနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာတော့ မာရက်စ်ကာက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာနဲ့ ကိုးပယ်လ်မာကြုံတွေ့နေရတဲ့ ပြဿနာအကြောင်း ရှင်းပြခဲ့ပါတယ်။ မာရက်စ်ကာက “ လွန်ခဲ့တဲ့လေးငါးရက်လောက်ကတည်းက ကိုးလ်ပယ်လ်မာမှာ ရာခိုင်နှုန်းကြံ့ခိုင်မှု မရှိခဲ့ပါဘူး။ ဒီနေ့သွေးပူလေ့ကျင့်ခန်းမှာ သူ ကြိုးစားခဲ့ပေမယ့် တစ်ခုခုခံစားနေခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း သူ့အတွက် အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့အခြေအနေဘယ်လိုလဲဆိုတာ သိရဖို့ လာမယ့်နာရီအနည်းငယ်အထိ စောင့်ကြည့်သွားရပါလိမ့်မယ်။

ဒါက ပေါင်ခြံဒဏ်ရာပြဿနာတစ်ခုပါ။ ပဲလေ့စ်နဲ့ပွဲစဉ်ကတည်းက သူ့မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူက အသင်းအတွက်၊ ပရိသတ်တွေအတွက် ကြိုးစားကစားခဲ့ပါတယ်။ ဒီနေ့မှာလည်း သူထပ်ကြိုးစားခဲ့ပေမယ့် အကောင်းဆုံးဖြစ်မလာခဲ့ပါဘူး”လို့ ပြောပါတယ်။