ယူရို ၂၀၂၄ လူစာရင်းကနေ ချန်လှပ်ခံရတဲ့အပေါ် မက်ဒီဆင်နဲ့ ဂရီးလစ်ရှ်တို့က ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာ ပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်
ဂရီးလစ်ရှ်နှင့် မက်ဒီဆင်တို့ဟာ လာမယ့်ရက်သတ္တပတ်တွင် စတင်မည့် ပြိုင်ပွဲမတိုင်မီ အင်္ဂလန်ရဲ့ ၃၃ ဦးပဏာမလူစာရင်းကနေ ထွက်ခဲ့ရတဲ့ ကစားသမား ၇ ဦးအနက် ၂ ဦးဖြစ်ပါတယ်။
ယူနိုက်တက်က ဟယ်ရီမက်ဂွါရီ၊ အဲဗာတန်က ဘရိန့်ဝိတ်၊ ဘန်လေက ထရက်ဖို့ဒ် နှင့် လီဗာပူးကစားသမား ၂ဦးဖြစ်တဲ့ ကာတစ်ဂျုံးစ်နှင့် ကွန်ဆက်တို့ဟာ နောက်ဆုံး ၂၆ ဦးစာရင်းတွင် မပါဝင်ခဲ့ကြပါဘူး။ အင်္ဂလန်လက်ရွေးစင်အသင်းရှိ ၎င်း၏အရင်းနှီးဆုံးသူငယ်ချင်း နှစ်ယောက်ထွက်ခွာရတာကို မြင်တွေ့ခဲ့ရသော်လည်း ဂရီလစ်ရှ်နှင့် မက်ဒီဆင်တို့ဟာ ဖေးမကူညီခြင်း နှင့် နားလည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ယောက် အင်္ဂလန်ရဲ့လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားတဲ့အကြောင်း မေးမြန်းရာမှာ ရိုက်စ်က "တကယ်ကို ခက်ခဲပါတယ်။ မက်ဒီဆင်နဲ့ ဂရီးလစ်ရှ်တို့ဟာ အသင်းမှာ ကျွန်တော့်ရဲ့ အကောင်းဆုံး အပေါင်းအဖော်တွေ ဖြစ်ပါတယ်။ ကျွန်တော် ဒီကို ရောက်ကတည်းက အချိန်အများစုကို သူတို့နဲ့ ကုန်ဆုံးခဲ့တာ ဖြစ်နိုင်ပါတယ်" "သူတို့ကို ထွက်သွားတာကိုတွေ့ရတာ ကောင်းတဲ့ခံစားချက်မဟုတ်ပေမယ့် နှစ်ယောက်စလုံးက မထွက်ခွာခင်မှာ ကျွန်တော်တို့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ သူတို့ဟာ အတော်လေးကို အပြုသဘောဆောင်ပြီး တက်ကြွခဲ့ကြတယ်"
"သူတို့အသင်းမှာ မပါဝင်ရတော့ပေမယ့် ကျွန်တော်တို့က အဖွဲ့တစ်ခုအနေနဲ့ အရမ်းရင်းနှီးတဲ့အတွက်ကြောင့် ထွက်ခွာသွားရတာကို ခါးသီးတယ်လို့ မထင်ပါဘူး။ အခြားသူတွေလိုပဲ သူတို့နှစ်ယောက်က ကျွန်တော်တို့ကို အကောင်းဆုံးဖြစ်စေချင်တာပါ" လို့ ဖြေပါတယ်။
ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအတွက် စိတ်ပျက်စရာရာသီတစ်ခုကို ရင်ဆိုင်ခဲ့ရပြီးနောက် နောက်ဆုံးအဓိကပြိုင်ပွဲနှစ်ခုတွင် ဆောက်ဂိတ်အတွက် အဓိက ကစားသမားဖြစ်ခဲ့သော်လည်း ယူရို ၂၀၂၄ နှင့်လွဲချော်ခဲ့ရပါတယ်။
မက်ဒီဆင်ဟာ တော့တင်ဟမ်အတွက် ရာသီဒုတိယဝက်တွင် အကောင်းဆုံးပုံစံကိုမပြသနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး အဲ့ဒီအတွက် နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က ဘော့စနီးယား-ဟာဇီဂိုဗီးနားကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် အင်္ဂလန်ဟာ သောကြာနေ့တွင် ယူရို ၂၀၂၄ အတွက် ဂျာမနီသို့ မသွားရောက်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် အိုက်စလန်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ရိုက်စ်ဟာ ယူနိုက်တက်ကြယ်ပွင့် မိုင်နူး ဒါမှမဟုတ် ခရစ္စတယ်ပဲလေ့စ်မှ ဝါသွန် တို့နှင့်အတူ ကွင်းလယ်တွင် ပါဝင်လာဖွယ်ရှိနေပါတယ်။
၎င်းတို့နှစ်ဦးအကြောင်းကို မေးမြန်းရာတွင် အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွေးကြေးဖြင့် ခေါ်ယူခြင်းခံထားရသူက "ယူနိုက်တက်မှာ ကိုဘီရဲ့ တစ်ရာသီလုံး လုပ်ဆောင်ခဲ့တာတွေကို နောက်ဆုံးစခန်းမှာ တွေ့ခဲ့ရပြီး သူ့က ဒီနေရာနဲ့ အပြည့်အဝ ထိုက်တန်ပါတယ်" "အဒမ်ဟာလည်း ချန်ပီယံရှစ်မှာ သူ့ရဲ့ပထမရာသီဝက်ကို ကစားခဲ့ကာ ခရစ္စတယ်ပဲလေ့စ်မှာ ခြေစွမ်းပြခဲ့ပြီး လေ့ကျင့်ရေးမှာ ကစားသမားတော်တော်များများရဲ့ သဘောကျခြင်းကိုခံခဲ့ရပါတယ်" "သူဟာ တည်တည်ငြိမ်ငြိမ်ရှိပြီး လှပတဲ့ ဘယ်ခြေကန်ချက်၊ ပြတ်သားတဲ့ ဖြတ်တင်ဘောကို လုပ်ဆောင်နိုင်သူဖြစ်ပါတယ်" "သူဟာ အသက် ၂၀ ပဲရှိသေးပေမယ့် သူ့ရဲ့ပထမဆုံးဥရောပချန်ပီယံရှစ်ပြိုင်ပွဲကိုသွားဖို့ လေယာဉ်ပေါ်တက်ရတာက သူ့အတွက် ခဏလေးပါပဲ။ သူက တောင်းဆိုတဲ့အခါ အဆင်သင့်ဖြစ်နေပါလိမ့်မယ်" "မနေ့ညက သူရဲ့ကစားပုံကို အားလုံးမြင်ခဲ့မှာပါ။ ကြီးကြီးမားမားအရာတွေနဲ့ မခွဲနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်ရဲ့ ကွင်းလယ်မှာ တောက်ပနေမယ့်ပုံပါပဲ" လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် ဆားဘီးယားအသင်းနှင့် ကစားရမှာဖြစ်ပြီး အုပ်စု C တွင် ပြိုင်ဘက် ဒိန်းမတ်နှင့် စလိုဗေးနီးယားတို့နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်ဟာ ၁၉၆၆ ခုနှစ်ကတည်းက အဓိကဆုဖလားတွေကို ရရှိခဲ့ခြင်းမရှိသော်လည်း နောက်ဆုံးကမ္ဘာ့ဖလား ၂ ကြိမ်တွင် နောက်ဆုံးအဆင့်နားအထိရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ဥရောပချန်ပီယံပြိုင်ပွဲဖိုင်နယ်သို့ရောက်ခဲ့ကာ အီတလီကို ပင်နယ်တီတွင် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။