The network connection is lost.

Banner Image

အာဆင်နယ်ကြယ်ပွင့်ကို ခေါ်ယူရန်ကြိုးစားခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဂျေမီ ဂစ်တန်စ်နဲ့ ယူနိုက်တက်ကနေ အေလေဂျန်ဒရို ဂါနာချိုတို့ကို ခေါ်ယူဖို့ အစီအစဉ်ချပြီးတဲ့နောက် နည်းပြအန်ဇို မာရက်စ်ကာက ပီအက်စ်ဗွီအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ နိုနီ မာဒူကီကို အရန်သင့်သာ ထားရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ မာဒူကီကို အာဆင်နယ်ဆီရောင်းချတဲ့နေရာမှာ စာချုပ်ပါ အချက်အလက်တွေပြည့်မီခဲ့ရင်ပေါင် ၅၂ သန်းအထိရရှိမယ့် သဘောတူညီမှုရခဲ့ပါတယ်။ အာဆင်နယ်အသင်းဘက်ကကြည့်မယ်ဆိုရင် အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားကစားသမားတစ်ဦးအတွက် ဒီပမာဏဟာ တန်ဖိုးရှိတဲ့ ကစားသမားတစ်ဦးကို ရရှိလိုက်တာလို့ ဆိုရမှာပါ။

ဒါပေမဲ့ ချဲလ်ဆီးဟာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီကနေ အီသန် နွမ်နာရီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မာဒူကီရဲ့ အပြောင်းအရွှေ့က ပုံစံတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်ကြယ်ပွင့် နွမ်နာရီရဲ့ အနာဂတ်အကြောင်းကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ မာဒူကီ အပြောင်းအရွှေ့အတွက် ဆွေးနွေးတဲ့အချိန်မှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက နွမ်နာရီဟာ သူ့ရဲ့ စာချုပ်သစ်အတွက် အာဆင်နယ်အသင်းနဲ့ အရေးကြီးတဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ယူ ၂၁ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝကို အာဆင်နယ်အသင်းမှာပဲ ဆက်လက်မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အသင်းပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ ကောင်းကောင်းပေးပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်ကို နွမ်နာရီက သက်တမ်းတိုးခဲ့ပြီးနောက်မှာတော့ “ဒီစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အတွက် အရာအားလုံးပါပဲ။ ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီအသင်းက ကျွန်တော့်ရဲ့ အိမ်လိုခံစားရပြီး ကျွန်တော်အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နိုင်မယ့် နေရာဖြစ်ပါတယ်”

“ကျွန်တော်အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ဒီရာသီကို ကျွန်တော့်ရဲ့ ပထမဆုံး တကယ့်ရာသီအဖြစ် ရှုမြင်ပါတယ်။ အသင်းက အဓိကကစားသမားတွေနဲ့ အတူ ရာသီကိုစတင်ဖို့အတွက်လည်း အရမ်းစိတ်လှုပ်ရှားပါတယ်။ ကျွန်တော် ဒီအသင်းအတွက် ဘယ်လိုကူညီပေးမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားနေမိပါတယ်”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်ဟာ တိုက်ရိုက်ကစားတဲ့ပုံစံကို ပိုလုပ်နိုင်ပြီး ဂိုးတွေလည်း ပိုသွင်းနိုင်လာပါတယ်။ ဒါကြောင့် နောက်လာမယ့် အရာတွေကိုလည်း စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း မာဒူကီက အင်္ဂလန်အသင်းရဲ့ ဆားဘီးယားကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူပြီး သူ့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နည်းပြ သောမတ်စ် တူချယ်လ်ကတော့ သူ့ရဲ့ကစားပုံမှာ တိုးတက်ဖို့ အများကြီးကျန်ရှိနေသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။

“သူ့မှာ အရှိန်နှုန်းရှိသလို တစ်ဦးချင်းရင်ဆိုင်မှုတွေကို အနိုင်ရနိုင်တဲ့ အရည်အချင်းတွေလည်း ရှိပါတယ်ယ်။ ဒီနေ့ပွဲမှာ သူ ဂိုးသွင်းနိုင်ခဲ့တာနဲ့ ဂိုးရရှိရာမှာ ပါဝင်ပတ်သက်မှုရှိခဲ့တာကို ကျွန်တော်အရမ်းပျော်ပါတယ်။ ဒါက သူ့ရဲ့ကစားပုံမှာ ထပ်ဖြည့်ဖို့ လိုအပ်တဲ့ အရာတစ်ခုပါ။ ထိရောက်မှုရှိဖို့၊ ဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်ဖို့လိုအပ်ပါတယ်” “ဒီနေ့ပွဲမှာ သူ့ရဲ့ ကစားဟန်နဲ့ ရည်မှန်းချက်ရှိတဲ့ ကစားပုံကြောင့် ကျွန်တော်အရမ်းပျော်ပါတယ်”

“အဲဒါအပြင် သူဟာ အာရုံစိုက်ဖို့လိုအပ်ပါတယ်။ ဘောလုံးဆုံးရှုံးသွားပြီးနောက်မှာ ပြန်လည် တုံ့ပြန်မှု၊ ရီးစ် ဂျိမ်းစ်ကို ကူညီဖို့အတွက် သူထည့်သွင်းခဲ့တဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ကျွန်တော်အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နောက်တန်း ၄ ယောက်တန်းနဲ့ ကစားပြီး သူတို့ရဲ့ နောက်တန်း ၅ ယောက်တန်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ပါ။ နောက်တန်းတောင်ပံတွေကို တွန်းတက်ပြီး ကူညီပေးဖို့နဲ့ ရှေ့တန်းကနေ ဖိအားပေးကစားဖို့လည်း သူကူညီခဲ့ပါတယ်”

“ဒီနေ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်မှာ ကျွန်တော်အကြိုက်ဆုံးကတော့ သူရဲ့ ကြိုးစားအားထုတ်မှုပါပဲ။ ဒါ့အပြင် သူဟာ မြန်နှုန်းရှိတယ်၊ တိုက်ရိုက်ကစားတတ်တယ်၊ ဘောလုံးကို ဆွဲပြေးတတ်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ သူ့ဆီကနေ လိုချင်တဲ့အရာတွေပါပဲ” လို့ တူချယ်လ်က ပြောကြားခဲ့ပါတယ်။