The network connection is lost.

Banner Image

ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်မီ ဒေါ့မွန်ရဲ့လူစာရင်းအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ကိုဗက်

ဒေါ့မွန်နည်းပြကိုဗက်စ်က ဒီညယှဉ်ပြိုင်ကစားရမယ့် ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းရဲ့ လူစာရင်းအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယမန်နေ့(တနင်္လာနေ့)၊ ဒေါ့မွန်ရဲ့အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်မှာတော့ ဆဗန်ဆန်နဲ့ ကာရက်ဆပ်စ်တို့ မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီကစားသမားနှစ်ဦးလုံးမှာ ကြံ့ခိုင်မှုပြည့်ဝနေပြီး အင်္ဂါညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားနိုင်လိမ့်မယ်လို့ နည်းပြကိုဗက်က ပွဲကြိုသတင်းစာရှင်လင်းပွဲမှာ ကြေညာခဲ့ပါတယ်။

"လုံးဝသဘာဝကျတဲ့ သာမန်နေ့လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ကစားသမားတစ်ဦး၊ နှစ်ဦးလောက်ကို အဝတ်လဲခန်း သို့မဟုတ် ကိုယ်ကာယလေ့ကျင့်ရုံ(Gym)မှာ အနားယူစေတယ်ဆိုတာမျိုးက တခါတရံမှာ ဖြစ်လေ့ဖြစ်ထရှိပါတ်ယ။ သူတို့နှစ်ဦးလုံး ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲစဉ်အတွက် ရွေးချယ်စရာတွေ ဖြစ်နေပါတယ်"လို့ ကိုဗက်က ပြောပါတယ်။

ဆန့်ကျင်ဘက်အဖြစ် ဖိလစ်ပိုမာနေးကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဟော်ဖန်ဟိမ်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ကြုံတွေ့ခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့် အခုချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။

ကိုဗက်က "နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ပြဿနာတွေ ထပ်မရှိလာနိုင်တော့ဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မာနေး သေချာပေါက် ပြန်လာနိုင်ပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ဘဲ ဒဏ်ရာပြဿနာဆိုတာ ပွဲစဉ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပြန်ပါတယ်။ လေ့ကျင့်ရေးပိုင်းနဲ့ လေ့ကျင့်ရေးစီမံခန့်ခွဲမှုအပိုင်းတွေအရ အရာအားလုံး ကောင်းမွန်ခဲ့ပြီး သူ့မှာ တကယ့်ကိုကောင်းမွန်တဲ့ ကြံ့ခိုင်မှုနဲ့ ခွန်အားပမာဏ ရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

မကြာသေးမီက ဒဏ်ရာပြန်သက်သာလာတဲ့ ရှလော့တာဘတ်ချ်နဲ့ ဘန်စီဘိုင်နီတို့ကတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားပါလိမ့်မယ်။

ကာလရှည်ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ကွန်စတန်တီးလီယက်စ်နဲ့ အမ်မရီ ချန်တို့လည်း လတ်တလောမှာ ပွဲကစားဖို့ မရှိသေးပါဘူး။