The network connection is lost.

Banner Image

မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘက်ခမ်း ထုတ်ဖော်ပြောကြား

အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဘက်ခမ်းက မက်ဆီတစ်ယောက် အနားယူချိန်မှာ ဘာစီလိုနာကိုသာ ပြန်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ မက်ဆီ နဲ့ အင်တာမိုင်ယာမီအသင်းတို့ကြား ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားကာ နောက်ထပ် ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း ပါရှိနေပါတယ်။ အင်တာမိုင်ယာမီအသင်းဒုဥက္ကဌ ဂျော့ချ်မက်စ်က မက်ဆီအခြေအနေနဲ့ပတ်သက်ပြီး “လီယို နဲ့ ကျွန်တော် အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်ပါတယ်။ ၂၀၂၆ ကွင်းအသစ်ဖွင့်ချိန်မှာ လီယိုတစ်ယောက် ကျွန်တော်တို့ရဲ့ကျောနံပတ် ၁၀ ကစားသမားဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း အသင်းဟောင်း ဘာစီလိုနာကိုပြန်ဖို့အတွက် မကွယ်မဝှက်ထုတ်ဖောပြောကြားလေ့ရှိတာဖြစ်ပါတယ်။ ဘက်ခမ်းကလည်း အာဂျင်တိုင်းသားနဲ့ပတ်သက်ပြီး ဘာစီလိုနာထံ လက်လွှတ်ရဖို့နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော် မက်ဆီကို သူအနားယူချိန်မှာ မီယာမီမြေမှာ ဆက်ရှိနေစေချင်တာပါ။ ဒါပေမယ့် လီယိုက သူ့အနေနဲ့ နူးကမ့်နားမှာပဲနေဖို့ တွေးထားကြောင်း ကျွန်တော့်ကိုပြောခဲ့ပါတယ်။

ဘာစီလိုနာကို သူ့လောက်ချစ်တဲ့သူရှာဖို့ဆိုတာ မလွယ်ပါဘူး။ ခင်ဗျားသူ့ခြေထောက်မှာ ဘာစီလိုနာအမှတ်အသားအပြင် ရေဗူးမှာလည်းမြင်နိုင်မှာပါ”လို့ ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အနားယူချိန်မှာ ဘာစီလိုနာကိုပြန်ဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ အမေရိကမြေမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ဘက်ခမ်းကလည်း မက်ဆီ နဲ့အတူ ဆက်လက်လုပ်ဆောင်မယ့်အစီအစဉ်တွေကိုပြောကြားခဲ့ပါတယ်။ 

“ကျွန်တော် အလားအလာရှိတာတွေကို အမြဲတမ်းယုံကြည်လေ့ရှိပါတယ်။ ခင်ဗျားသိလား။ အမေရိကန်က အင်အားကြီးနိုင်ငံတစ်နိုင်ငံပါ။ ပြီးတော့ အကောင်းဆုံးအခွင့်အရေးတွေရှိတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ခင်ဗျားအဲ့တာကို ယုံကြည်ရပါမယ်။ ကျွန်တော် ယူနိုက်တက်ကိုပြောင်းလာချိန်မှာ အခွင့်အရေးတွေအတွက် ခြေချနိုင်ခဲ့ပြီဆိုတာ သိလိုက်ပါတယ်။ ကျွန်တော် ဒီမှာဆက်နေပြီး စီးပွားရေးလုပ်နိုင်မယ်ဆိုတာ သိခဲ့ပါတယ်။ အခုတော့ ကျွန်တော် မိုင်ယာမီထိုင်ခုံမှာထိုင်နေနိုင်ပါပြီ။ လီယိုတစ်ယောက် ကွင်းထဲဝင်လာချိန်မှာ ကျွန်တော် အရမ်းဂုဏ်ယူခဲ့မိပါတယ်”လို့ ဘက်ခမ်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ လက်ရှိမှာရာသီကြိုအတွက်ပြင်ဆင်နေပြီး အမေရိကတစ်လွှားက အသင်းတွေနဲ့ခြေစမ်းဖို့ ပြင်ဆင်နေပါတယ်။