The network connection is lost.

Banner Image

သရဲနီဝါရင့်ကွင်းလယ်လူကတ်စ်မဲရိုးကိုခေါ်ယူဖို့ မက်ဆီရဲ့အင်တာမီယာမီအသင်းစိတ်ဝင်စားနေ

အင်တာမီယာမီအသင်းက ယူနိုက်တက်ဝါရင့်ကွင်းလယ်ကစားသမားကတ်စ်မဲရိုးကို အမေရိကန်မေဂျာလိဂ် (MLS)ဆီခေါ်ဆောင်ပြီး မက်ဆီနဲ့ပြန်လည်လက်တွဲစေဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိကတ်စ်မဲရိုးက အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ အိုးထရက်ဖို့ဒ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမယ်လို့ ကြေညာထားသူ ဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ အင်တာမိုင်ယာမီက ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးသူမက်ဆီနဲ့ အတူတူတွဲဖက်ကစားနိုင်ရေးအတွက် ကတ်စ်မဲရိုးကို အမေရိကန်မေဂျာလိဂ်ဆီခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ကစားသမားဘ၀နောက်ထပ်ခရီးစဉ်အတွက် စဉ်းစားသုံးသပ်နေချိန် ယူနိုက်တက်ကွင်းလယ်လူကတ်စ်မဲရိုးကို ဇနီးဖြစ်သူအန်နာနဲ့အတူ မီယာမီမြို့မှာ တွေ့ရှိခဲ့ရတယ်လို့ ဒီသတင်းမှာပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ကတ်စ်မဲရိုးသာ မီယာမီဆီ ပြောင်းရွှေ့မယ်ဆိုရင် စီရော်နယ်ဒိုနဲ့ရော၊ မက်ဆီနဲ့ပါ အသင်းဖော်အဖြစ် တွဲဖက်ကစားခဲ့ဖူးတဲ့ ၂၈ ဦးမြောက်ကစားသမား ဖြစ်လာပါလိမ့်မယ်။