
မိုက်ကယ်အိုလီဆီကို ချီးကျူးလိုက်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ
အသင်းသို့ရောက်ရှိလာပြီးနောက် လက်ရှိအချိန်အထိ အိုလီဆီရဲ့ လုပ်ဆောင်မှုတွေကို ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သဘောကျနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပနီဟာ ပြင်သစ်လူငယ်ကစားသမားရဲ့ ပွဲအပေါ် ချဉ်းကပ်မှုကိုပါ နှစ်သက်နေပါတယ်။
"မိုက်ကယ်က အရမ်းကိုကောင်းတဲ့ ကစားသမားပါ၊ သူက အတွေးအခေါ်ကောင်းပါတယ်။ သူက တော်တော်များများကိုတွေးတောပြီး မေးခွန်းထုတ်တဲ့သူပါ။ သူက ဘောလုံးကို ကြိုးကြိုးစားစား ကစားပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်ထဲမှာ သူ့ရဲ့စွဲလမ်းမှုကိုတွေ့ရတာပါ။ သင်ယူလိုစိတ်များတဲ့ ကစားသမားတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် စွမ်းအား ပေးလိုက်သလိုပါ။ သူကလည်း အမြဲတမ်းတိုးတက်ချင်တဲ့ ကစားသမားထဲမှာ ပါဝင်ပါတယ်" လို့ ကွန်ပနီက ပြောပါတယ်။
လက်ရှိမှာ အိုလီဆီက ညာတောင်ပံမှာ ကစားနေရတာဖြစ်တာကြောင့် ဆာနေး၊ ကိုးမန်းနှင့် ဂနာဘီတို့က ဘယ်အခြမ်းသို့ ရောက်သွားစေခဲ့တာပါ။ အခုလိုသာ ဆက်လက်ခြေစွမ်းပြနေအုံးမယ်ဆိုရင် သူ့ကို ဒီနေရာကနေထုတ်ဖို့ဆိုတာက ခက်ခဲသွားမှာပါ။