
အန်ဖီးလ်မှာအနိုင်ရချင်တယ်ဆိုရင် စိတ်ဓာတ်ကောင်းပြသရမယ်လို့ အာတီတာ ပြောကြား
အာဆင်နယ်နည်းပြ အာတီတာက လာမယ့်လီဗာပူးနဲ့ပွဲမှာအနိုင်ကန်နိုင်ဖို့ အသင်းသားတွေဆီကနေ စိတ်ပိုင်းဆိုင်ရာအပြင် ခံယူချက်ကောင်းပြသရမယ်လို့ တောင်းဆိုလိုက်ပါတယ်။
အာတီတာစတင်ကိုင်တွယ်ကတည်းက အာဆင်နယ်ဟာ ၂၀၁၂ တုန်းက နောက်ဆုံးအကြိမ် အန်ဖီးလ်မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ရာသီအစစွမ်းဆောင်ရည်ကောင်းပြသထားနိုင်ခဲ့ပြီး အီဇီးလည်း အခုပွဲမှာပါဝင်လာဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဟာ လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အာတီတာက လူစာရင်းအသစ်နဲ့အတူ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
“လီဗာပူးက ချန်ပီယံတွေပါ။ ပြီးတော့ သူတို့က ချန်ပီယံတွေပါ။ ဘာလို့လဲဆိုတော့ သူတို့ကအဲ့တာနဲ့ထိုက်တန်လို့ပါ။ မနှစ်က သူတို့ကအကောင်းဆုံးအသင်းဖြစ်ခဲ့သလို အတည်ငြိမ်ဆုံးအသင်းဖြစ်ခဲ့ပါတယ်။ မတူညီတဲ့နည်းလမ်းတွေနဲ့ အနိုင်ရဖို့ ကြိုးစားခဲ့တဲ့တစ်သင်းပါ။ ကျွန်တော်တို့ အခုနှစ်မှာ အနိုင်ရချင်ပါတယ်။ အန်ဖီးလ်ကို စိတ်ဓာတ်ကောင်းတွေအပြင် ခံယူချက်ကောင်းတွေနဲ့ သွားရပါမယ်။
အခုပွဲက အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရှိန်အဟုန်တစ်ခုတည်ဆောက်ရပါမယ်။ အဲ့တာက အခုလက်ရှိကျွန်တော်တို့ လုပ်ဆောင်နေတာပါ။
ဒီလိုကွင်းမျိုးကိုသွားပြီး ဒီလိုပြိုင်ဘက်မျိုးကို အနိုင်ရချင်ပါတယ်။ အဲ့တာက ကျွန်တော်တို့ပစ်မှတ်ပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာတီတာအနေနဲ့ လီဗာပူးကို ဆာကာမပါပဲရင်ဆိုင်ရမှာဖြစ်ပြီး အင်္ဂလန်သားက လိဒ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဆာကာမပါဝင်နိုင်တာကြောင့် အီဇီးက အာဆင်နယ်အတွက်ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ အခုနွေရာသီမှာ ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူထားခဲ့ပြီးဖြစ်ကာ မကြာခင်မှာ ၈ ယောက်မြောက်ကစားသမားအဖြစ် အင်ကာပီယေကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ထိပ်တန်းကစားသမားတွေကို ထပ်ပေါင်းထားနိုင်ပါတယ်။ အီဇီး နဲ့ ယိုကရက်စ်တို့က တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့အတူ မှော်ဝင်အခိုက်အတန့်တွေနဲ့အတူ နိုင်ပွဲတွေဖော်ဆောင်နိုင်စွမ်းရှိပါတယ်။ အီဘရီချီကိုကြည့်လိုက်ရင် သူ့မှာကြီးမားတဲ့အပြုံးရှိနေသလို အသင်းနဲ့အတူလည်း ပါဝင်နေပါတယ်။ ခင်ဗျားသူ့ကိုမှန်ကန်တဲ့မေးခွန်းတွေမေးနိုင်သလို ဘောလုံးနဲ့အတူ ကစားခွင့်ပြုဖို့ပါပဲ။
သူ့ရဲ့ကျော်ဖြတ်နိုင်စွမ်းအပြင် ဘောလုံးပေးပို့နိုင်စွမ်းက ထိပ်တန်းအဆင့်မှာရှိပါတယ်။ ကျွန်တော်တို့ သူ့လိုကစားသမားမျိုး လိုအပ်ပါတယ်။ အဲ့တာကြောင့်လည်း ခေါ်ယူခဲ့တာပါ။
သူက ကျွန်တော်တို့ကိုမတူညီတဲ့တစ်စုံတစ်ခုအပြင် မမျှော်လင့်ထားတဲ့အရာတစ်ခုယူဆောင်လာနိုင်ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။