The network connection is lost.

Banner Image

ဆာကာဒဏ်ရာရရှိသွားပြီးနောက် အေစီမီလန်ကြယ်ပွင့် ချူကွီဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒဏ်ရာရနေတဲ့ ဆာကာရဲ့နေရာကိုကာမိဖို့အတွက်အေစီမီလန်ကြယ်ပွင့် ချူကွီဇီကို ခေါ်ယူသွားနိုင်တယ်လို့ အီတလီရှိသတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။

အာတီတာဟာ ၂၀၂၅ ခုနှစ်အား အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည်ရယူနိုင်မည့်နှစ်အဖြစ် လုပ်ဆောင်လိုနေပြီး အသင်းအားဆက်လက်ယှဉ်ပြိုင်ရန်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ထဲသို့ဝင်ရောက်သွားမှာဖြစ်ပါတယ်။ ဆာကာ တံကောက်ကြောဒဏ်ရာ ရရှိပြီးနောက် ရက်သတ္တပတ်များစွာ အနားယူခဲ့ရခြင်းကြောင့် စပိန်သားဟာ အေစီမီလန်ကြယ်ပွင့် ချူကွီဇီအား တောင်ပံနေရာအတွက် မျက်စိကျနေပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသက် ၂၅ နှစ်အရွယ် ကီဝီအောနှင့် အလဲအလှယ်လုပ်ကာ ကမ်းလှမ်းလာဖွယ်ရှိနေပြီး အေစီမီလန်အသင်းကလည်း နောက်ခံလူကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချန်ပီယံဆုအတွက် လီဗာပူးကိုလိုက်မီရန် ကြိုးစားနေချိန်မှာ ဆာကာရဲ့ ဒဏ်ရာက အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အစောပိုင်းက မာတင်အိုဒီဂတ်ရဲ့ ဒဏ်ရာက ဂန်နာတွေရဲ့ကစားပုံကို ထိခိုက်စေခဲ့ပြီး အာတီတာက အဲဒါကို ရှောင်ရှားဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။

 ဆာကာ မကစားနိုင်ခြင်းကြောင့် မြောက်လန်ဒန်ကလပ်အနေနဲ့ ဇန်နဝါရီဈေးကွက်မှာ ကစားသမားသစ်ကိုခေါ်ယူပြီး မာဆေးဆိုက်က ပြိုင်ဘက်များကို လိုက်မီရန် လုပ်ရမှာဖြစ်ပါတယ်။ ဆာကာသည် ယခုရာသီတွင် အာဆင်နယ်အတွက် ပွဲစဉ် ၃ ပွဲမှလွဲ၍ ကျန်ပွဲအားလုံးတွင် ပါဝင်ကစားထားပါတယ်။ ယခု အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဂန်နာတွေအတွက် ပွဲပေါင်း ၂၅၀ ပွဲကစားထားပြီး ကစားခဲ့တဲ့ မိနစ်များစွာတွင် အထူးသဖြင့် ပေါက်ကွဲအားပြင်းတဲ့ ကစားဟန်ဖြင့် ကစားပေးခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ဆာကာ ပြန်ကစားနိုင်မယ့်အချိန်အတိအကျကို မသတ်မှတ်ထားသော်လည်း တံကောက်ကြောဒဏ်ရာကြောင့်ဆိုရင် ကစားသမားတစ်ဦးဟာ  ရက်သတ္တပတ် ၆ ပတ် သို့မဟုတ် ထို့ထက်ပိုပြီး နားရမှာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နှစ်သစ်ကူးနေ့တွင် ဘရန့်ဖို့ဒ်သို့ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။