
ကြောက်မက်ဖွယ်အွန်လိုင်းခြိမ်းခြောက်မှုနဲ့အမြဲရင်ဆိုင်ခဲ့ရကြောင်း အာဆင်နယ်စတားကို စွဲချက်တင်ခဲ့သူ ထွက်ဆို
အာဆင်နယ်ကွင်းလယ်လူ ပါတေးတစ်ယောက် အာဆင်နယ်အတွက်ကစားပေးနေချိန်မှာတင် ကြောက်မက်ဖွယ်အွန်လိုင်းခြိမ်းခြောက်မှုနဲ့ အမြဲတမ်းရင်ဆိုင်ခဲ့ရကြောင်း ပြစ်ဒဏ်ကျူးလွန်ခံရသူက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းက ပထမဆုံးစွဲချက်ကို အသိပေးခဲ့ရပြီးနောက် ပါတေးဟာ ပြီးခဲ့တဲ့အပတ်တုန်းက လိင်ပိုင်းဆိုင်ရာအမှု ၅ မှု ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၁ ခုတို့နဲ့စွဲချကက်တင်ခံထားရပါတယ်။
စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ပါတေးဟာ အာဆင်နယ်ကနေထွက်ခွာပြီး ၄ ရက်အကြာမှာတင် စွဲချက်တင်ခံခဲ့တာဖြစ်ပါတယ်။ ပါတေးရဲ့ရှေ့နေကတော့ သူ့ကစားသမားရဲ့နာမည်ကိုရှင်းလင်းသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စွဲချက်တင်မှုဟာ အမျိုးသမီး ၃ ဦးထံကနေ လာခဲ့တာဖြစ်ပြီး အဲ့ထဲက အမျိုးသမီးတစ်ဦးက အက်သလက်တစ်နဲ့အင်တာဗျူးမှာ ပါတေးတစ်ယောက် အာဆင်နယ်အတွက် ကစားပေးနေချိန် အချိန်တိုင်းမှာ အွန်လိုင်းကနေ ခြိမ်းခြောက်မှုရရှိခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။
တစ်ချို့မှတ်ချက်တွေက သူမဆီတိုက်ရိုက်လာပေမယ့် အချို့အချိန်တွေမှာတော့ ယုတ်ညံ့တဲ့မှတ်ချက်တွေမြင်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ “ပရိသတ်တွေဆီကနေ ကျွန်မမက်ဆေ့ချ်တွေရပါတယ်။ သူတို့က ပါတေးကစားနေတာ ဒါမှမဟုတ် ဂိုးသွင်းတာမျိုးပုံတွေပို့ပါတယ်။ ကျွန်မကိုလည်း အသက်ခြိမ်းခြောက်တာတွေရှိပါတယ်။ လူတွေက ကျွန်မကိုဦးတည်သလို ပါတေးဂိုးသွင်းချိန်ဆိုရင် ပိုတောင်ဆိုးဝါးပါတယ်”လို့ သူမက ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ပါတေးကို ဆက်ထိန်းထားဖြစ်ခဲ့ရင် အမှုရင်ဆိုင်ရနိုင်တာဖြစ်ပြီး ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အသင်းအနေနဲ့ အခုလိုအခြေအနေမျိုးကို လျစ်လျူရှုထားလို့ ရှက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ပါတေးဟာ လာမယ့်သြဂုတ်လ ၅ ရက်နေ့ တရားရုံးလာရောက်ရမှာဖြစ်ပြီး စွဲချက်တွေကြေညာပြီးနောက် စပိန်မြေမှာ ပါတေးတစ်ယောက် လက်ထပ်ခဲ့ပါတယ်။