The network connection is lost.

Banner Image

ဂျာမန်ကြယ်ပွင့်လူငယ်အိုက်ချ်ဟွန်းကို ခေါ်ယူဖို့ လီဗာပူးအသင်း အပြင်းအထန်ဆက်လက်ကြိုးပမ်းနေ

လီဗာပူးအသင်းက ခြေစွမ်းပြသနေတဲ့ဂျာမန်ကွင်းလယ်လူအိုက်ချ်ဟွန်းကို ခေါ်ယူဖို့အတွက် အပြင်းအထန် ဆက်လက်ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ်ကစားသမားလေးက ဟာသာဘာလင်အသင်းနဲ့အတူ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ဥရောပရဲ့စိတ်ဝင်စားမှုအများဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အိုက်ချ်ဟွန်းက ဂျာမန်ဒုတိယတန်းကလပ်အသင်းအတွက် ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားခဲ့ပြီး နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ ပရီးမီးယားလိဂ်ကလပ်ကြီးလီဗာပူးအသင်းက သူ့ကို အန်ဖီးလ်မြေဆီ ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုခေါ်ယူဖို့ကြိုးပမ်းမှုမှ နုတ်ထွက်သွားခဲ့ပေမဲ့ မန်စီးတီးနဲ့ ဘိုရုရှားဒေါ့မွန် အသင်းတို့ကတော့ ဆက်လက်စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

အိုက်ချ်ဟွန်းက အသက် ၁၈ နှစ်မပြည့်မချင်း လီဗာပူးအသင်းဆီ တရားဝင်ပူးပေါင်းခွင့်မရရှိနိုင်သေးလို့ သူ့ကို လေဗာကူဆင်အသင်းဆီ အငှားချဖို့ဆိုတာလည်း ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ယူဆနေကြပါတယ်။