The network connection is lost.

Banner Image

ကိုမိုပစ်မှတ် ချာလိုဘာကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဖာဘရီဂတ်စ်လက်အောက် ကိုမိုအသင်းရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ နောက်ခံလူချာလိုဘာကို ရောင်းချပြီး အကျိုးအမြတ်ရယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ချာလိုဘာရဲ့ချဲလ်ဆီးကစားသမားဘဝက အသင်းရဲ့စွန့်ပယ်ခြင်းခံရချိန်မှာတောင် နေရာတစ်ခုရရှိဖို့အတွက် တိုက်ပွဲဝင်တက်တဲ့ ဘယ်တော့မှလက်မလျှော့တတ်တဲ့စိတ်ဓါတ်ပိုင်းကြောင့် လူသိများပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ၂၀၂၄-၂၀၂၅ ရာသီ၊ ပထမရာသီဝက်ကာလကို ခရစ္စတယ်ပဲလေ့စ်ဆီ အငှားသွားရောက်ကစားခဲ့ပေမဲ့ ချဲလ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ၇၁ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

Football London ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းက ဒီနွေရာသီမှာ အကယ်ဒမီထွက်ကစားသမားနဲ့ လမ်းခွဲဖို့ နောက်ထပ်တစ်ကြိမ်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

ကလပ်အသင်းက ချာလိုဘာကိုရောင်းချဖို့ အသည်းအသန်မကြိုးစားနေပေမဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုမျိုး ရှိလာရင်တော့ လက်ခံပေးသွားမယ်လို့ သိရပါတယ်။

ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းက ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားနဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူတို့ကမ်းလှမ်းလိုတဲ့ ပြောင်းရွှေ့ကြေးနှုန်းထားမှာ ချဲလ်ဆီးအသင်းသတ်မှတ်ထားတဲ့ပမာဏထက် အများကြီးလျော့နည်းနေပါတယ်။