The network connection is lost.

Banner Image

ပါရီမြေမှာ တိုက်စစ်အစွမ်းပြခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်

ပီအက်စ်ဂျီ ၅-၄ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)

ဥရောပလက်ရှိချန်ပီယံနဲ့ ဂျာမန်ဘီလူးကြီးတို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုကတော့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်တွေအတွက် ခဗာရက်စ်ခီလီယာ(၂ ဂိုး)၊ ဒမ်ဘီလီ (ပင်နယ်တီအပါအဝင် ၂ ဂိုး)နဲ့ ဂျော်အိုနီဗက်စ်တို့က ဂိုးသွင်းယူပေးခဲ့ပြီး ဧည့်သည်တွေအတွက် ဟယ်ရီကိန်း(ပင်နယ်တီ)၊ အိုလီစီ၊ အူပါမီကာနိုနဲ့ ဒီယက်ဇ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်အပြီး ရလဒ်ပိုင်းအရ ပြတ်သားမှုမရှိလို့ လာမယ့်သီတင်းပတ်၊ ဂျာမန်မြေထိပ်တိုက်တွေ့ဆုံမှုမှာ ဗိုလ်လုပွဲလက်မှတ်ကို ဘယ်သူရရှိသွားမလဲဆိုတာ စောင့်ကြည့်သွားရပါဦးမယ်။