အမ်းမရိတ်မှာ ဘုန်းမောက်ကိုရှုံးပြီး စည်သူလွင်ဖြစ်ဖို့ အစပျိုးလာတဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၂ ဘုန်းမောက် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်အတွင်း အားရစရာခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိဘဲ ထိုက်တန်တဲ့အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အထူးသဖြင့် အာဆင်နယ်တိုက်စစ်ပိုင်းက တစ်ပွဲလုံးဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲ ပင်နယ်တီကြောင့်သာ ချေပဂိုးတစ်ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်ကတော့ အာဆင်နယ်ကို အကောင်းဆုံးထိန်းချုပ်ကစားသွားပြီး ဦးဆောင်ဂိုးတွေလိုက်သွင်းကာ အမ်းမရိတ်မှာ အဖိုးတန်သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။