ဆီဘက်စတီယန်ကေးလ်ထွက်ခွာသွားပေမဲ့ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တဲ့ ဒေါ့မွန်
ဒေါ့မွန်အသင်းက ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆန်ချိုက အခုဘောလုံးရာသီမှာ အက်စတွန်ဗီလာဆီ အငှားဖြင့် သွားရောက်ကစားနေသူ ဖြစ်ပါတယ်။
အက်စတွန်ဗီလာဘက်က ဆန်ချိုကို အမြဲတမ်းစာချုပ်နဲ့ဝယ်ယူဖို့ အစီအစဉ်မရှိလို့ ကစားသမားအေးဂျင့်တွေက ဒေါ့မွန်အသင်းမှာ တတိယအကြိမ်မြောက် သွားရောက်ကစားနိုင်ရန် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေါ့မွန်အားကစားဒါရိုက်တာဟောင်း ဆီဘက်စတီယန် ကေးလ် ရာထူးမှ နုတ်ထွက်သွားလို့ ဒီအပြောင်းအရွှေ့ကို ပျက်ပြားသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ Sky Deutschland ရဲ့ဖော်ပြချက်အရ ကေးလ်ထွက်ခွာသွားမှုက ဆန်ချိုနဲ့ဆွေးနွေးနေမှုကို မသက်ရောက်ဘဲ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။