The network connection is lost.

Banner Image

ကတ်စ်မဲရိုးအပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ယူနိုက်တက် အကြီးအကဲများ ဆွေးနွေးနေ

မန်ချက်စတာယူနိုက်တက် အကြီးအကဲတွေဟာ ကတ်စ်မဲရိုးကို စာချုပ်သစ်တစ်ခု ကမ်းလှမ်းဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကတ်စ်မဲရိုးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့လတုန်းက အသင်းရော၊ ကစားသမားကိုယ်တိုင်ပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြ မိုက်ကယ်ကားရစ် လက်အောက်မှာ ဘရာဇီးလ်လက်ရွေးစင်ကစားသမားရဲ့ ခြေစွမ်းက အံ့ဩစရာကောင်းလောက်အောင် ပြန်လည်ကောင်းမွန်လာတာကြောင့် အရင်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

အခုအခါမှာတော့ ယူနိုက်တက် ဒါရိုက်တာတွေဟာ ကတ်စ်မဲရိုးကို စာချုပ်သစ် ကမ်းလှမ်းဖို့အတွက် အသေအချာ ဆွေးနွေးနေပြီလို့ RTI Esporte က ဖော်ပြလာပါတယ်။ လက်ရှိအချိန်အထိ တရားဝင် အတည်ပြုတာမျိုး မရှိသေးပေမဲ့ အသင်းစီမံခန့်ခွဲမှုပိုင်းကတော့ အသက် ၃၄ နှစ်အရွယ် ကစားသမားကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။