လေဗာကူဆင်ကို နှစ်ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ အာဆင်နယ်
အာဆင်နယ် ၂ - ၀ လေဗာကူဆင် (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၃-၁)
အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးပွဲကိုထိန်းချုပ်ကာ ခြေစွမ်းအသာစီးနဲ့ကစားနိုင်ခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ အီဇီနဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဒီကလန်ရိုက်စ်ရဲ့ဂိုးကြောင့် အာဆင်နယ်က ပွဲကို အပြတ်ဖြတ်နိုင်ခဲ့ကာ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။
လေဗာကူဆင်က ချေပဂိုးတွေပြန်ရရေး ကြိုးစားခဲ့ပေမဲ့ အာဆင်နယ်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ခက်ခဲ့ပြီး ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။