The network connection is lost.

Banner Image

ဘင်ဖီကာတောင်ပံကစားသမား ရှဲလ်ဒီရပ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ တောင်ပံကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ ကြိုးစားနေပြီး ဘင်ဖီကာအသင်းရဲ့ အန်ဒရီးယပ်စ် ရှဲလ်ဒီရပ်ရဲ့ ခြေစွမ်းတိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပေါ်တူဂီမြေမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး အခုရာသီ အသင်းအတွက် ၃၈ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ O Jogo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ စနေနေ့ (မတ်လ ၁၄ ရက်) က အာရူကာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘင်ဖီကာရဲ့ ပွဲစဉ်မှာ ရှဲလ်ဒီရပ်ရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့အတွက် ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

 ကလပ်အသင်း တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ ရှဲလ်ဒီရပ်ရဲ့ တိုးတက်လာတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ သူ့မှာရှိတဲ့ စွမ်းဆောင်ရည်တွေက ငြင်းစရာမရှိသလို ကျွန်တော်တို့ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရလည်း အလွန်အားရစရာကောင်းတဲ့ အနေအထားမှာ ရှိပါတယ်" လို့ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့က ခက်ခဲနိုင်တာကြောင့် ဘာစီလိုနာအနေနဲ့ ဘယ်တောင်ပံနေရာအတွက် အခြားရွေးချယ်စရာတွေကိုပါ စဉ်းစားနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။