The network connection is lost.

Banner Image

ဆီဗီလာနဲ့ပွဲမှာ ဘာစီလိုနာအတွက်ပြန်ကစားပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဂါဗီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်လူ ဂါဗီမှာ ကွင်းအတွင်း ပြန်လည်ခြေချခွင့်ရခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေပါတယ်။

ဂါဗီသည် ဒူးအရွတ်ဒဏ်ရာ (ACL) ကြောင့် ဆေးကုသမှုခံယူကာ အနားယူနေခဲ့ရသည်မှာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် အက်စပိန်ကွင်းလယ်လူမှာ ပွဲကစားချိန် ၈၂ မိနစ်တွင် လူစားလဲဝင်ရောက်လာခဲ့ပြီး နူးကမ့်ကွင်းအတွင်းရှိ ပရိသတ်များ၏ တစ်ခဲနက် မတ်တတ်ရပ် ဂုဏ်ပြုအားပေးမှုကို ရရှိခဲ့ပါတယ်။

၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယခုပွဲစဉ်သည် ဘာစီလိုနာအသင်း၏ ပွဲပေါင်း ၂၀၅ ပွဲအတွင်း ဂါဗီ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာသည့် ပွဲလည်း ဖြစ်ပါတယ်။

၎င်းက လူမှုကွန်ရက်တွင် နောက်ပိုင်း၌ ရေးသားခဲ့ရာတွင် "ပြီးခဲ့တဲ့အချိန်တွေက တကယ်ကို ခက်ခဲခဲ့ပါတယ်။ အရင်ကထက်တောင် ပိုပြီးတော့ ခက်ခဲခဲ့တာပါ။ နာကျင်မှုတွေ အများကြီး ခံစားခဲ့ရသလို နေ့စဉ်ဖြတ်သန်းရတဲ့ အချိန်တွေကလည်း တကယ်ကို ပင်ပန်းခဲ့ပါတယ်" ဟု ဆိုပါတယ်။

"နူးကမ့်ကွင်းထဲမှာ ကျွန်တော့်ရဲ့လူတွေ၊ ပရိသတ်တွေနဲ့အတူ ရှိနေရတဲ့ ခံစားချက်ကတော့ တကယ်ကို ထူးခြားဆန်းသစ်ပြီး အရမ်းလည်း ပျော်မိပါတယ်" ဟု ဂါဗီက ပြောပါတယ်။

"နည်းပြ ဟန်ဆီဖလစ်က ကျွန်တော့်အပေါ် ဖခင်တစ်ယောက်လို အမြဲတမ်း အနီးကပ် ရှိနေပေးခဲ့ပါတယ်။ သူ့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော့်အပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့ပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။