The network connection is lost.

Banner Image

ယူနိုက်တက်မှာ ဆန်ချိုရဲ့ရုန်းကန်ရမှုတွေကို ပြောကြားလာတဲ့ ကာရစ်

မန်ယူနိုက်တက်နည်းပြ မိုက်ကယ်ကားရစ်ကတော့ ဂျေဒန်ဆန်ချိုရဲ့ အရည်အချင်းအပေါ် သံသယဖြစ်စရာမလိုဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ အခုရာသီမှာ အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဆန်ချိုရဲ့ မန်ယူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ဗီလာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဆန်ချိုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ကားရစ်က "ဘောလုံးလောကမှာ ဘယ်အရာကိုမဆို အံ့သြနေဖို့ မလိုပါဘူး။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေထဲက တစ်ခုပါပဲ။ တစ်ခါတလေမှာ အသင်းသစ်တစ်ခုကို ရောက်လာတဲ့အခါ အဆင်ပြေတာရှိသလို၊ အဆင်မပြေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါက သဘာဝပါပဲ၊ ကလပ်အသင်းတိုင်းမှာ ဖြစ်နေကျပါ" လို့ ပြောပါတယ်။

"ဂျေဒန်မှာ အရည်အချင်းရှိပါတယ်။ အဲဒါကြောင့်ပဲ သူ ဒီအသင်းကို ရောက်လာခဲ့တာဖြစ်ပြီး တကယ်ကို ကောင်းမွန်တဲ့ အချိန်တချို့ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့်လဲဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါဘူး၊ ကျွန်တော် ဒီမှာမရှိတဲ့ အချိန်အတောအတွင်းမှာ သူက အက်စတွန်ဗီလာကို ရောက်သွားခဲ့တာပါ။ သူ ဒေါ့မွန်မှာတုန်းကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့မှာ အရည်အချင်းရှိတာ သေချာသလို အခုရာသီမှာလည်း ပွဲတွေ အများကြီး ကစားနေရပါတယ်။ အခုလို ပွဲတွေအများကြီး ကစားပြီး အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိနေတာဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။ နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုရှေ့ဆက်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ" လို့ ၎င်းက ဆိုပါတယ်။