The network connection is lost.

Banner Image

ဟာလန်းရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီတစ်ပတ်မှာ ကစားရမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အသင်းရဲ့ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၅ မှတ်အကွာမှာ ရှိနေဆဲဖြစ်ပေမဲ့ ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ဖောရက်စ်နဲ့ ပွဲစဉ်မတိုင်ခင် ပြိုင်ပွဲစုံ ၆ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။

အာဆင်နယ်အသင်းကလည်း ဒီတစ်ပတ်နှောင်းပိုင်းမှာ ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ သူတို့သာ ရလဒ်ကောင်းခဲ့ရင် အမှတ်ဖြတ်သွားနိုင်တာကြောင့် ဂွါဒီယိုလာအနေနဲ့ ချန်ပီယံမျှော်လင့်ချက်ကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် ဒီပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာပါ။

ဒီပွဲမတိုင်ခင် လူပြောအများဆုံးသတင်းဖြစ်နေတဲ့ အာလင်းဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက အရင်ဆုံး ပြောကြားခဲ့ပါတယ်။

"သူ အခြေအနေ တော်တော်လေး သက်သာနေပါပြီ၊ ဒါပေမဲ့ မနေ့ကတော့ ကျွန်တော်တို့ လေ့ကျင့်ခန်း မဆင်းဖြစ်ခဲ့ဘူး။ ဒီနေ့တော့ လေ့ကျင့်ခန်း ဆင်းမှာဖြစ်လို့ အဲဒီနောက်မှပဲ ကျွန်တော်တို့ ဆုံးဖြတ်သွားပါမယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက "နီကို အိုရွိုင်းလီအတွက်လည်း လေ့ကျင့်ခန်းဆင်းပြီးရင် အလားတူပဲ ဆုံးဖြတ်သွားမှာပါ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။