The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရာသီအလိုက်ထူးချွန်ဆုနှစ်ခုကို ဆွတ်ခူးပြီး အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ အစ္စမေးလ်ဆား

အစ္စမေးလ်ဆားက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ရာသီပိတ်ဆုပေးပွဲမှာ ကစားသမားတွေရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နှစ်ခုလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားက အခုရာသီ၊ ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားဖြစ်လာဖို့ တစ်ဂိုးပဲ လိုပါတော့တယ်။

သူ့ရဲ့ အခုသွင်းဂိုးအရေအတွက်က ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ အန်ဒီဂျွန်ဆင်တင်ထားတဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပြီး ပရီးမီးယားလိဂ်ရာသီတစ်ခုအတွင်း ခရစ္စတယ်ပဲလေ့စ်ကစားသမားတစ်ဦးသွင်းယူနိုင်တဲ့ အမြင့်ဆုံးသွင်းဂိုးအရေအတွက်စံချိန်ကိုလည်း လိုက်မှီခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်အပြီး ဆုတွေကို လက်ခံရယူခဲ့ပြီးနောက် အစ္စမေးလ်ဆားက "ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိပ်မက်တစ်ခုပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။

ဒီအာဖရိကန်ကစားသမားရဲ့ခြေစွမ်းဟာ ဥရောပပြိုင်ပွဲတွေမှာလည်း သိသာထင်ရှားခဲ့ပြီး ပဲလေ့စ်အသင်းအတွက် ဥရောပပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းပေးထားတဲ့ ကစားသမားအဖြစ် ကိုးဂိုးနဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ပြိုင်ပွဲမှာလည်း ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။