The network connection is lost.

Banner Image

မန်စီးတီးနဲ့ ဒေါ့မွန်တို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမားလေးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ပါ အပြိုင်ဖြစ်လာ

ဟာသာဘာလင်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်လေး ကဲနက်အိုက်ဟွန်း (Kennet Eichhorn) ကို စိတ်ဝင်စားနေတယ်ဆိုတာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ မက်စ်အီဘယ်လ်က အတည်ပြုလိုက်ပါတယ်။

ဒီရာသီမှာ ဟာသာဘာလင်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ကစားခွင့်ရနေတဲ့ အသက် ၁၆ နှစ်အရွယ် ဒီကွင်းလယ်လူလေးဟာ ဂျာမနီနိုင်ငံရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်မျိုးဆက်သစ်တွေထဲက တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။

စတုဂတ်အသင်းကို အနိုင်ရခဲ့တဲ့ ဂျာမန်ရှုံးထွက် (DFB-Pokal) ဗိုလ်လုပွဲ မတိုင်ခင်မှာ Bild သတင်းဌာနနဲ့ တွေ့ဆုံခဲ့စဉ် အီဘယ်လ်က အခုလို လူငယ်ကစားသမားလေးရဲ့ တိုးတက်မှုတွေကို ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်အသင်းက အနီးကပ်စောင့်ကြည့်နေတယ်လို့ ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်အမြင်အရ ကဲနက်အိုက်ဟွန်းလို ကစားသမားမျိုးကို ဘိုင်ယန်မြူးနစ်ကသာ စိတ်မဝင်စားဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ အလုပ်ကို ကောင်းကောင်းမလုပ်တာပဲ ဖြစ်ပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

"အခုကတော့ သူနဲ့ သူ့ရဲ့အေးဂျင့်တွေမှာ ဘယ်လိုအကြံအစည်တွေရှိလဲ၊ ကျွန်တော်တို့အသင်းနဲ့ရော အံဝင်ခွင်ကျဖြစ်မလားဆိုတာကို ကြည့်ရပါမယ်။ တကယ်ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာကတော့ နောက်ပိုင်းမှ သိရမယ့် ကိစ္စတစ်ခုပါ" လို့ ဆက်ပြောခဲ့ပါတယ်။

အိုက်ဟွန်းဟာ အသက်ငယ်သေးပေမဲ့ ဂျာမနီဒုတိယတန်းလိဂ်မှာ အသင်းအတွက် ၁၇ ပွဲအထိ ပါဝင်ကစားပေးထားပြီး မန်စီးတီးနဲ့ ဒေါ့မွန်လို အသင်းကြီးတွေရဲ့ အထူးစိတ်ဝင်စားမှုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။