The network connection is lost.

Banner Image

ခံစစ်ပိုင်းအကျပ်အတည်းအတွက် လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့တဲ့ အန်းစလော့

လာမယ့်တနင်္ဂနွေနေ့၊နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြအန်းစလော့က စီနီယာအသင်းလေ့ကျင့်ရေးအစီအစဉ်ဆီ လူငယ်ကစားသမားနှစ်ဦးကို ထည့်သွင်းခဲ့ပါတယ်။

ဂျော့ရှ်ဒေးဗစ်ဆန်နဲ့ တဲရင့်စ်မိုင်လ်စ်တို့က ဗုဒ္ဓဟူးနေ့မှာ စီနီယာအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာခဲ့ပြီး နည်းပြအန်းစလော့ရဲ့ခံစစ်ပိုင်းအတွက် ဒဏ်ရာရကစားသမားတွေများပြားနေလို့ အခုလိုမျိုး ကစားသမားနှစ်ဦးကို အနီးကပ်စောင့်ကြည့်နိုင်ရန် လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခွင့်ပြုခဲ့တာပါ။

အသက် ၂၀ နှစ်အရွယ် ဒေးဗစ်ဆန်ဟာ ညာနောက်ခံလူတစ်ဦးဖြစ်ပြီး လီဗာပူးလူငယ်အကယ်ဒမီမှ ပေါ်ထွက်လာသူ ဖြစ်ပါတယ်။ အလားတူ အသက် ၂၁ နှစ်အရွယ် တဲရင့်စ်မိုင်လ်စ်ကလည်း ညာနောက်ခံလူအဖြစ် ကစားနိုင်သလို လိုအပ်ရင် ဗဟိုနောက်ခံလူအဖြစ်ပါ ဝင်ရောက်ကစားပေးနိုင်ပါတယ်။

လက်ရှိမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဘရက်ဒလေ၊ ဖရင်းပေါင်၊ လီယိုနီနဲ့ အန်ဒိုတို့ ဒဏ်ရာပြဿနာတွေနဲ့အတူ အနားယူနေရပါတယ်။