The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက်ဂိုးသွင်းယူပေးခဲ့တဲ့ ရာယန်ကို အီရာအိုလာ ချီးကျူး

အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရာယန်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာက အတော်လေး သဘောကျနေပါတယ်။

ရာယန်ဟာ အဲဗာတန်အတွက် အဖွင့်ဂိုးဖြစ်စေမယ့် ပင်နယ်တီကို ပေးခဲ့ရပေမဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သူနဲ့ အာမင်းအက်ဒ်လီတို့က ဂိုးတွေပြန်သွင်းပေးခဲ့တာကြောင့် ဘုန်းမောက်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အီရာအိုလာက Daily Echo ကို အခုလို ပြောကြားခဲ့ပါတယ်။ “ပင်နယ်တီပေးလိုက်ရတာက ရာယန်ရဲ့ အမှားဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ သူက အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ လူငယ်ကစားသမားဖြစ်ပြီး လိဂ်အသစ်ကို အခုမှ ရောက်လာတာဖြစ်လို့ ဒီလိုအမှားမျိုးတွေကို ကျွန်တော်တို့ လက်ခံပေးရပါမယ်။ ကိုယ့်ရဲ့ ဂိုးဧရိယာထဲမှာ ဒီလိုမျိုးမလုပ်သင့်ဘူးဆိုတာကို သူ သိပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေက သူ့ထက် ပိုပြီး ပါးနပ်သွားခဲ့တာလို့ ကျွန်တော် ထင်ပါတယ်""သူတို့က ဘောလုံးကို အရှေ့ကနေ အသာလေး ပုတ်ထုတ်လိုက်ရုံနဲ့ ပင်နယ်တီ ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဖိအားတွေကြောင့် သူ သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်မသွားဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပြိုင်ဘက်ကို ဆက်ပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်"ဒုတိယပိုင်းမှာ မိုင်ကိုလန်ကိုနဲ့ ဖြစ်ခဲ့တာကလည်း နောက်ထပ် ပင်နယ်တီတစ်ခု ရသင့်တယ်လို့ ထင်ပေမဲ့ သူကတော့ ဂိုးဆက်သွင်းနိုင်ခဲ့ပါတယ်။ သူ အမှားလုပ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော် ကျေနပ်ပါတယ်။ ဒါဟာ သူ့အတွက် ကောင်းမွန်တဲ့ သင်ခန်းစာတစ်ခု ဖြစ်သလို အဆုံးသတ်မှာလည်း ကျွန်တော်တို့အတွက် အမှတ်တွေ မဆုံးရှုံးစေခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။