The network connection is lost.

Banner Image

စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေလို့ ကာတစ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံပေးသွားဖို့ ပြင်ဆင်နေတဲ့ လီဗာပူး

လီဗာပူးအသင်းက ကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်အတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ ရပ်တန့်နေလို့ ကစားသမားကို လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီမှာ လီဗာပူးအတွက် ပုံမှန်ပွဲထွက်ပါဝင်ကစားဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သူက ပရီးမီးယားလိဂ်ပွဲ ၃၀ ပါဝင်ကစားခဲ့ပေမဲ့ အဲ့ဒီပွဲစဉ်တွေအနက် ၁၄ ကြိမ်သာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ကာတစ်ဂျုံးစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ လနဲ့ချီရပ်တန့်နေလို့ အသင်းဘက်ကလည်း သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားဖူးတဲ့ အင်တာမီလန်ကလည်း အလားတူသဘောထားမျိုး ရှိနေဆဲဖြစ်ပါတယ်။ ကာတစ်ဂျုံးစ်ရဲ့လက်ရှိစာချုပ်သက်တမ်းကတော့ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးပါလိမ့်မယ်။

ဒါ့အပြင် အမည်မဖော်လိုတဲ့ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ လီဗာပူးအသင်း ဘယ်လောက်စျေးခေါ်မလဲဆိုတာအပေါ် မူတည်နေပါတယ်။