ချဲလ်ဆီးနည်းပြရာထူးကို ဇာဘီအလွန်ဆို စိတ်ဝင်စားနေပေမဲ့ အဟန့်အတားတစ်ခုရှိနေ
ဇာဘီအလွန်ဆိုက ချဲလ်ဆီးနည်းပြရာထူးကို လက်ခံဖို့ ဆန္ဒရှိနေပေမဲ့ အသင်းလူစာရင်းစုဖွဲ့တည်ဆောက်မှုအပေါ် အခုထက်ပိုပြီး လုပ်ပိုင်ခွင့်ရရှိဖို့ လိုလားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ရိုဆင်နီယာလက်ထက် ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက နည်းပြသစ်တစ်ဦးကို ထပ်မံရှာဖွေနေပါတယ်။
အီရာအိုလာ၊ ဖာဘရီဂတ်စ်နဲ့ မာကိုဆေးလ်ဗားတို့လို နည်းပြတွေနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ အသက် ၄၄ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းအလွန်ဆိုကလည်း ချဲလ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်နေပုံရပါတယ်။
သတင်းထောက်ဆိုင်မွန်ဖိလစ်ရဲ့အဆိုအရ အလွန်ဆိုက ကနဦးဆက်သွယ်မှုတွေအပြီး စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမဲ့ ညှိနှိုင်းရခက်ခဲနေတဲ့ အချက်တစ်ချက်တော့ ရှိနေသေးတယ်လို့ သိရပါတယ်။
အဲဒါကတော့ ချယ်လ်ဆီးအသင်းလက်ရှိပေးထားတဲ့အခွင့်အရေးထက်ပိုမိုပြီး အသင်းကစားသမားစာရင်းစုဖွဲ့မှုပိုင်းမှာ ပိုမိုလုပ်ပိုင်ခွင့်ပေးဖို့ အလွန်ဆိုကိုယ်တိုင်လိုလားနေမှုပဲ ဖြစ်ပါတယ်။