The network connection is lost.

Banner Image

မန်စီးတီးရှုံးတာကို အခွင့်ကောင်းမယူနိုင်ဘဲ နော်တင်ဟမ်ဖောရက်စ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ် ၀ - ၀ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာ တစ်ပွဲလုံးနီးပါး ဘောလုံးကိုင်ပြီး ထိုးဖောက်ကစားခဲ့ပေမဲ့ ဖောရက်စ်ခံစစ်ကိုဘယ်လိုမှကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်သာရရှိသွားခဲ့ပါတယ်။
ကြားရက် ကာရာဘောင်ဖလားပွဲစဉ်မှာ လူစုံတက်စုံအသုံးပြုထားတဲ့အကျိုးဆက်ကြောင့် ယနေ့ညပွဲစဉ်ဒုတိယပိုင်းမှာ တစ်သင်းလုံးကစားအားကျသွားပြီး နော်တင်ဟမ်ဖောရက်စ်ကတောင် ထိုးဖောက်မှုတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုသရေပွဲရလဒ်ကြောင့် မန်ချက်စတာဒါဘီမှာ မန်စီးတီးရဲ့ရှုံးနိမ့်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ရမှတ်၇မှတ်သာဖြတ်ထားနိုင်ခဲ့ပါတယ်။