လက်ကာကို အပြီးသတ်ဝယ်ယူဖို့ တွန့်ဆုတ်နေတဲ့ နော်တမ်ဟမ်ဖောရက်စ်
နော်တမ်ဟမ်ဖောရက်စ်အသင်းက တိုက်စစ်မှူးလက်ကာကို အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖို့ ဆန္ဒမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နာပိုလီမှ အငှားဖြင့်ရောက်ရှိနေခြင်းဖြစ်ပြီး သူ့ရဲ့စာချုပ်ထဲမှာ ပေါင် ၃၅ သန်းတန်ကြေးဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်ခဲ့ပါတယ်။
သတင်းထောက်နီကိုလိုရှီရာရဲ့အဆိုအရ ဖောရက်စ်အသင်းက ဒီတိုက်စစ်မှူးရဲ့ ခြေစွမ်းအပေါ် အပြည့်အဝ ယုံကြည်မှုမရှိတာကြောင့် အပြီးသတ်ဝယ်ယူနို်ငမယ့်အခွင့်အရေးကို အသုံးပြုဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
လက်ကာကိုယ်တိုင်လည်း အင်္ဂလန်ဘောလုံးလောကနဲ့ အသားကျဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ငါးပွဲ ကစားပေးထားရာမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။