ကာရစ်ရဲ့ပွဲဦးထွက်မှာ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ယူနိုက်တက်
ယူနိုက်တက် ၂ - ၀ မန်စီးတီး (ပွဲပြီးရလဒ်)
ယူနိုက်တက်အသင်းဟာ နည်းပြသစ် မိုက်ကယ်ကာရစ်ရဲ့ပွဲဦးထွက်ပွဲစဉ်မှာ မန်စီးတီးကို ခြေအသာနဲ့ကစားပြီး ဂိုးပြတ်နိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဒီထက်ဂိုးပြတ်သင့်တဲ့ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ ဒွန်နာရမ်မာ လက်စွမ်းပြနေမှုနဲ့အတူ လူကျွံဘောတွေကြောင့် နှစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မန်စီးတီးကတော့ အဓိကခံစစ်ကစားသမားတွေ မပါဝင်နိုင်မှုနဲ့အတူ တိုက်စစ်ပိုင်းမှာသာ အားနည်းသွားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်အရေးနိမ့်ကာ ဆုဖလားပြေးလမ်းမှာ ခြေချော်သွားခဲ့ပါတယ်။