The network connection is lost.

Banner Image

ကစားသမားကိုးဦးမှလွဲလို့ ကျန်သူအားလုံးကို ရောင်းထုတ်ဖို့ အသင့်ရှိနေတဲ့ တော့တင်ဟမ်အသင်း

တော့တင်ဟမ်အသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းလူစာရင်းပိုင်းကို အကြီးအကျယ်ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။ Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ တော့တင်ဟမ်အသင်းက လက်ရှိလူစာရင်းရှိ ကစားသမားကိုးဦးမှလွဲလို့ ကျန်သူအားလုံးအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။

အခုလိုစျေးကွက်တင်ရောင်းချမယ့်စာရင်းမှာ ရိုမဲရိုး၊ ပေါ်ရိုနဲ့ ဗီကာရီယိုတို့လို အဓိကကစားသမားတွေ ပါဝင်နေပါတယ်။ အသင်းမှာ ဆက်ရှိနေမယ့် ကစားသမားတွေကတော့ ဗန်ဒီဗန်၊ ဆိုလန်ကီ၊ ဂလယ်ဟာ၊ ကူဒက်စ်၊ ဇာဗီဆိုင်မွန်စ်၊ အာချီဂရေး၊ ဘာ့ဂ်ဗော၊ မက်ဒီဆင်နဲ့ ကူလူဆက်ဗစကီးတို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဗန်ဒီဗန်ကိုတော့ လာမယ့်နွေရာသီဈေးကွက်မှာ ခေါ်ယူဖို့အတွက် လီဗာပူးနဲ့ ဘာစီလိုနာတို့က မျက်စိကျနေကြပါတယ်။ လက်ရှိအချိန်မှာတော့ တော့တင်ဟမ်က ပရီးမီးယားလိဂ်တန်းဆင်းဇုန်အထက် တစ်မှတ်အကွာ၊ အဆင့်-၁၆ နေရာမှာ ရှိနေပါတယ်။