The network connection is lost.

Banner Image

အမ်းမရိတ်စ်မှာ အမှတ်ခွဲဝေယူခဲ့တဲ့ ဆင်ပျံကြီးနဲ့ ကြိုးကြာလေး

အာဆင်နယ် ဝ-၀ လီဗာပူး (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်ရော၊ ဧည့်သည်လီဗာပူးပါ အမှားမခံတဲ့ပုံစံမျိုးနဲ့ချဉ်းကပ်လာကြလို့ အပြန်အလှန်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်တွေက ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဧည့်သည်လီဗာပူးရဲ့တုံပြန်ပုံကောင်းမွန်လာခဲ့လို့ စိတ်လှုပ်ရှားစရာအခြေအနေအချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးချန်ပီယံပြေးလမ်းမှာ အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် ခြောက်မှတ်အသာစီးရရှိသွားသလို လီဗာပူးကလည်း ၁၀ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းနဲ့အတူ Top 4 စာရင်းအတွင်းမှာ ဆက်ရှိနေပါတယ်။