The network connection is lost.

Banner Image

အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေတစ်မှတ်စီခွဲယူခဲ့ကြတဲ့ လီဗာပူးနဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် ၂ - ၂ လီဗာပူး (ပွဲပြီးရလဒ်)

လီဗာပူးအသင်းဟာ ဂတ်ပိုရဲ့နောက်ကျဂိုးနဲ့အနိုင်ရပြီလို့ ထင်မှတ်ခဲ့ပေမဲ့ ပွဲပြီးခါနီး ရိဒ်ရဲ့အဝေးကန်ချက်ကြောင့် ကရာဗန်ကော့တေ့ချ်မှာ သရေတစ်မှတ်သာရခဲ့ပါတယ်။
လီဗာပူးရဲ့ခြေစွမ်းက တစ်ပွဲလုံးအားရစရာမရှိခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုသာ အသာရခဲ့တာကြောင့် ဒီရလဒ်နဲ့ထိုက်တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဖူလ်ဟမ်ကတော့ ပွဲပြီးခါနီး ဂိုးပေးလိုက်ရပေမဲ့ လူစားဝင်ကစားသမား ရိဒ်ရဲ့လှပတဲ့ကန်ချက်ကြောင့် အိမ်ကွင်းမှာ အဖိုးတန်သရေတစ်မှတ်စုဆောင်သွားနိုင်ခဲ့ပါတယ်။