TOP 4 ပြေးလမ်းမှာ အကောင်းဆုံးရှေ့ဆက်နေတဲ့ လီဗာပူး
လီဗာပူး ၂-၁ ဝုဗ် (ပွဲပြီးရလဒ်)
အန်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ အခုပွဲစဉ်အတွင်း အိမ်ရှင်လီဗာပူးက ဧည့်သည်ဝုဗ်ကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့်အနိုင်ယူကာ အဖိုးတန်သုံးမှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးတွေကို ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဂရာဗန်ဘတ်ချ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စတင်လာပြီး မကြာခင်မှာပဲ ဧည့်သည်ဝုဗ်က ဆန်တီယာဂိုဘူအီနိုရဲ့သွင်းဂိုးနဲ့ ဗွေဆော်ဦးချေပဂိုးရရှိခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ မရှာဖွေနိုင်လို့ အမှတ်ဗလာနဲ့ပဲ အိမ်ပြန်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် စနေညအစောပိုင်းပွဲစဉ်တွေအပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ လီဗာပူးတို့ ဝင်ရောက်လာခဲ့ပါတယ်။