The network connection is lost.

Banner Image

မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသိပေးပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြာကြားလာခဲ့ပါတယ်။
မေဆင်မောင့်ဟာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရကြောင်းနဲ့ ကစားသမားကဆက်ကစားချင်ပေမယ့် အသင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေလို့ စွန့်စားမှုမယူလိုတာကြောင့် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း အာမိုရင်က ရှင်းပြခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "သူက ပထမပိုင်းအပြီးမှာ တစ်ခုခုခံစားခဲ့ရပါတယ်။ သူကဆက်ကစားချင်ပေမယ့် ကျွန်တော့်အနေနဲ့ကစားသမားတွေထပ်ပြီးတော့ မဆုံးရှုံးချင်တော့ပါဘူး။ ကစားသမားတွေ ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမပြည့်ဝရင် ပေးမကစားတာ အကောင်းဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိယူနိုက်တက်ရဲ့ဒဏ်ရာပြဿနာစာရင်းထဲမှာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမိုင်နူး၊ ဟယ်ရီမက်ဂွါရီနဲ့ ဒီလစ်ချ်တို့လို ကြယ်ပွင့်ကစားသမားတွေပါဝင်နေတာဖြစ်ပါတယ်။ မေဆင်မောင့်အနေနဲ့ ယခုပွဲစဉ်မှာ ဆက်လက်ကစားဖို့ ဆန္ဒရှိခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ပုံမရဘဲ လာမယ့်အပတ် ဝုဗ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ချေရှိပါတယ်။ 
ယခုပွဲစဉ်မှာတော့ ဒဏ်ရာရသွားတဲ့ မောင့်ရဲ့နေရာမှာ ဖလက်ချာက လူစားလဲဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။