အက်စတွန်ဗီလာနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ပယ်လ်မာရဲ့စိတ်ပျက်မှုကို ရှင်းပြလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယနေ့နံနက် အက်စတွန်ဗီလာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံခဲ့ရတဲ့ ကိုးလ်ပယ်လ်မာရဲ့ သိသာထင်ရှားတဲ့ စိတ်ပျက်မှုကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ပယ်လ်မာဟာ အိုလီဝက်ကင်က ဗီလာအတွက် အနိုင်ဂိုးကို မသွင်းယူခင်မှာ အက်စ်တီဗာအိုနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့အဓိကကစားသမားဖြစ်တဲ့ ပယ်လ်မာဟာ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် သိသိသာသာ စိတ်ပျက်နေခဲ့ပြီး လက်ထောက်နည်းပြ ကာဘယ်လာရိုနဲ့ စကားအချို့ပြောဆိုခဲ့ပြီးမှ အရန်ခုံဆီ သွားခဲ့ပါတယ်။
ပွဲအပြီးမှာ မာရက်စကာက ပယ်လ်မာရရဲ့တုံ့ပြန်မှုအပေါ် သတင်းထောက်တွေရဲ့မေးမြန်းမှုကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါတယ်။
မာရက်စ်ကာက"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ သူကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်။ ဘောလုံးရှိချိန်ရော၊ မရှိချိန်ရော၊ ဖိအားပေးတာရော၊ သူအရမ်းကောင်းခဲ့ပါတယ်။
ကျွန်တော်တို့ နောက်ထပ် ၄၈ နာရီအတွင်း ပွဲတစ်ပွဲရှိပါသေးတယ်။ ဒါကြောင့် သူကောင်းခဲ့ပါတယ်၊ သူပြန်လာတာကို ကျွန်တော်တို့ ပျော်ပါတယ်"လို့ ပြောခဲ့ပါတယ်။
ပယ်လ်မာကို ကြံ့ခိုင်မှုကြောင့် လူစားလဲခဲ့တာလားလို့ မေးတဲ့အခါ မာရက်စကာက "မဟုတ်ပါဘူး၊ သူအရမ်းကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ပင်ပန်းနေခဲ့ပါတယ်။ ခြုံငုံပြောရရင် သူကောင်းကောင်းကစားခဲ့ပါတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။